Monday, 4 April 2011

[စာပေစကားဝိုင်း] New doc: နင်းအချခံခဲ့ရတဲ့မြို့...။

created the doc: "နင်းအချခံခဲ့ရတဲ့မြို့...။"
Moe Thu created the doc: "နင်းအချခံခဲ့ရတဲ့မြို့...။"

ကိုယ့်မြို့ ကိုယ် အိန်ဂျယ်လ်တပါးနဲ့ တင်စားမယ်ဆိုရင်တောင်

ရန်ကုန်ဟာ

လျှပ်စစ်မီးမရတဲ့ညနဲ့ 

နတ်ဖြစ်ပြီးမလှတဲ့ဘဝ။

ကိုယ့်အမေ ကိုယ့်ဆီလာတာတောင်မှ

ခွေးသားကြီးတွေနဲ့ မျက်နှာချင်းဆိုင်

ပြေးလွှားပြီး ဧည့်စာရင်းတိုင်နေရတယ်။

အပြင်ပန်းတွေပြောပြီး လုပ်စားနေတဲ့မြို့မှာ

သင်တန်းတွေပေါပြီး အလုပ်ရှားတယ်။

အရှေ့ တောင်အာရှရဲ့ မာနမင်းသားဟောင်းဟာ

နအဖ ဗိုလ်ချုပ်များရဲ့ လက်သီးပြင်းနဲ့ 

တစစ ပိုစုတ်သွားအောင် ဖျက်ဆီးခြင်း ခံနေရတယ်။

ရန်ကုန်မြို့ရဲ့ ရင်ဝမှာ နားကိုကပ်

ကြားတာကို ကြားသလိုမှတ်ကြည့်တော့

အလုပ်လက်မဲ့ ပွဲစားတွေရဲ့ လေရောင်းသံတွေ

မီးလာတုန်းမှာ အလုအယက် ရေမောင်းသံတွေကုန်းအော်နေတဲ့ စပါယ်ယာတွေရဲ့ ရွှေစောင်းသံတွေ

ရုံးပေါ်က ကယ်ပါတွေရဲ့ ငွေတောင်းသံတွေနဲ့ 

ရန်ကုန်မှာ

အသံစုံနေတော့တယ်။

 

(ကောင်းကင်ကို)

 

 

ဒီထဲမှာတင်ပီးသားထင်တယ်...။ ကြိုက်လွန်းလို့ ပြန်တင်ပေးလိုက်တာ။


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment