Friday, 8 April 2011

[စာပေစကားဝိုင်း] ပက်ချင်မပြည့်တဲ့လမ်း အတောင်ပံတွေက...

ပက်ချင်မပြည့်တဲ့လမ်း  အတောင်ပံတွေက ပျံသန်းခြင်းမှာ အကျဉ်းကျနေတယ် ကောင်းကင်က မိုးကုတ်စက်ဝိုင်းထဲမှာ အကျဉ်းကျနေတယ် မီးရထားဘီးတွေက သံလမ်းတွင်းမှာ အကျဉ်းကျနေတယ်  မလှဲဘူး လွှင့်တုန်းပါပဲ အလံလည်း အသံတွေဝင်လို့ စွဲစွဲမြဲမြဲ ၊ ချစ်စိတ်မပြယ်  ကျောင်းပြေးခဲ့တယ် အိမ်ပြေးခဲ့တယ် မိန်းမတယောက်ရင်ခွင်ကပြေးခဲ့တယ် ခုလည်း…တိုင်းပြည်က ပြေးပြန်တယ်  အ၀င်ဆိုးလိုက်တာ…… အ၀င်ဆိုးလိုက်တာ…… အ၀င်ဆိုးလိုက်တာ……  ငရဲမှာ ပြဒါးဖမ်းကြ ငရဲမှာ အပ်ပျောက်ရှာကြ  တမွန်းတည့်မကတဲ့ခေတ် တရားသဖြင့် ပန်းတို့ပွင့်ရန်….  အို! အသင်ဒေ၀ဒတ်  သံသရာအဆက်ဆက် ခြစ်ရာများ ချစ်ခဲ့တယ်။ ။  သစ်ကောင်းအိမ် (၂၀၀၆)
John Yoharmar 08 April 10:57
ပက်ချင်မပြည့်တဲ့လမ်း

အတောင်ပံတွေက
ပျံသန်းခြင်းမှာ အကျဉ်းကျနေတယ်
ကောင်းကင်က
မိုးကုတ်စက်ဝိုင်းထဲမှာ အကျဉ်းကျနေတယ်
မီးရထားဘီးတွေက သံလမ်းတွင်းမှာ အကျဉ်းကျနေတယ်

မလှဲဘူး
လွှင့်တုန်းပါပဲ
အလံလည်း အသံတွေဝင်လို့
စွဲစွဲမြဲမြဲ ၊ ချစ်စိတ်မပြယ်

ကျောင်းပြေးခဲ့တယ်
အိမ်ပြေးခဲ့တယ်
မိန်းမတယောက်ရင်ခွင်ကပြေးခဲ့တယ်
ခုလည်း…တိုင်းပြည်က ပြေးပြန်တယ်

အ၀င်ဆိုးလိုက်တာ……
အ၀င်ဆိုးလိုက်တာ……
အ၀င်ဆိုးလိုက်တာ……

ငရဲမှာ ပြဒါးဖမ်းကြ
ငရဲမှာ အပ်ပျောက်ရှာကြ

တမွန်းတည့်မကတဲ့ခေတ်
တရားသဖြင့်
ပန်းတို့ပွင့်ရန်….

အို! အသင်ဒေ၀ဒတ်

သံသရာအဆက်ဆက်
ခြစ်ရာများ
ချစ်ခဲ့တယ်။ ။

သစ်ကောင်းအိမ်
(၂၀၀၆)

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment