Saturday, 16 April 2011

[စာပေစကားဝိုင်း] ကဗျာတစ်ပုဒ်၏ ရှင်သန်ခြင်း စိုက်ပျိုးခဲ့ဖူးသော...

ကဗျာတစ်ပုဒ်၏ ရှင်သန်ခြင်း  စိုက်ပျိုးခဲ့ဖူးသော ပန်းအိပ်မက် ကားမှတ်တိုင် တစ်ခုလောက်တောင် မလေးနက်ခဲ့ဘူး Romeo နဲ့ အချစ်အကြောင်း မဆွေးနွေးတော့ဘူး မင်းအတွက် Venus ဆီ ငါ e-mail ပို့လိုက်တယ်၊ ဒီကဗျာက မုန်းယောင်ဆောင်တဲ့ အချစ်ကဗျာ။  မင်းအနမ်းက Rhythm မပါသော Rap သီချင်းတစ်ပုဒ် စဉ်းစားနော်.... နေပူပူမှာ ငါစောင့်နေတယ် ဘင်လာဒင်လို အကြမ်းမဖက်ချင်ဘူး နတ်ဆိုးတစ်ကောင်လို ကျိန်စာမတိုက်ချင်ဘူး၊ ငါ့ကို သနားရင်တော့ အသေသတ်သွားပါ။  I love hate နဲ့ I hate love ငါ့လက်ထဲက အမည်မသိစာဆို ဒီကဗျာထဲမှာ ငါ့အိပ်မက်တွေ ငိုနေတယ် လသာတိုင်း ထွေးပွေ့ထားပါရစေ ချစ်သူ..... ယုံတမ်းပုံပြင်ပြောတက်တဲ့ သစ်ရွက်ပေါ်က လေပြည် မရှင်းပြတက်တဲ့ ငါ့ရင်ထဲက ဝေဒနာ။
Mc D Flow 17 April 03:44
ကဗျာတစ်ပုဒ်၏ ရှင်သန်ခြင်း

စိုက်ပျိုးခဲ့ဖူးသော ပန်းအိပ်မက်
ကားမှတ်တိုင် တစ်ခုလောက်တောင် မလေးနက်ခဲ့ဘူး
Romeo နဲ့ အချစ်အကြောင်း မဆွေးနွေးတော့ဘူး
မင်းအတွက် Venus ဆီ ငါ e-mail ပို့လိုက်တယ်၊
ဒီကဗျာက မုန်းယောင်ဆောင်တဲ့ အချစ်ကဗျာ။

မင်းအနမ်းက Rhythm မပါသော Rap သီချင်းတစ်ပုဒ်
စဉ်းစားနော်.... နေပူပူမှာ ငါစောင့်နေတယ်
ဘင်လာဒင်လို အကြမ်းမဖက်ချင်ဘူး
နတ်ဆိုးတစ်ကောင်လို ကျိန်စာမတိုက်ချင်ဘူး၊
ငါ့ကို သနားရင်တော့ အသေသတ်သွားပါ။

I love hate နဲ့ I hate love
ငါ့လက်ထဲက အမည်မသိစာဆို
ဒီကဗျာထဲမှာ ငါ့အိပ်မက်တွေ ငိုနေတယ်
လသာတိုင်း ထွေးပွေ့ထားပါရစေ ချစ်သူ.....
ယုံတမ်းပုံပြင်ပြောတက်တဲ့ သစ်ရွက်ပေါ်က လေပြည်
မရှင်းပြတက်တဲ့ ငါ့ရင်ထဲက ဝေဒနာ။

"ငါး" တစ်ကောင်ကြောင့် တစ်လှေလုံး မင်းမပုပ်သင့်
"လေး" ကျိုးခြင်းဟာ မြှားကုန်တာထက် ဆိုးတယ်
အတ္တ၊ မာန၊ လောဘ လွန်ကျူးရင် စိတ္တဇဖြစ်
လေ့လာခဲ့တဲ့ အချစ်ရဲ့သမိုင်းမှာ မိုးရွာတာများတယ်
ငါ့စွန့်စားခင်းကျင်းထားတဲ့ ကဗျာတစ်ပုဒ်ရဲ့ရှင်သန်ခြင်းပါ။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment