Saturday, 16 April 2011

[စာပေစကားဝိုင်း] မိုးနဲ့ ည ကြယ်တွေ ကြွေလွန်းတဲ့ “ည“...

မိုးနဲ့ ည             ကြယ်တွေ ကြွေလွန်းတဲ့
Mc D Flow 17 April 03:57
မိုးနဲ့ ည

ကြယ်တွေ ကြွေလွန်းတဲ့ "ည"
"မိုး" ကငါ့ကို အဖော်ပြုနေတယ်
မာယာဆန်တဲ့ အမှောင်ထုနဲ့
ကဗျာဆန်တဲ့ မိုးစက်လေးတွေက
အလွမ်းတွေကို ဖိတ်ခေါ်နေလေရဲ့။

"ည" သာသာမှာ ရွာတဲ့ "မိုး"
ငါအနှစ်သက်ဆုံးပေါ့....
"မိုး" က ခြေသံခပ်ပြင်းပြင်းနဲ့
ခေါင်မိုးပေါ်မှာ ပြေးလွှားနေတယ်
"ည" က ဒါကို ဖုံးကွယ်ပေးထားတယ်။

ဒီအချိန်ဆို ငါလွမ်းနေတက်ပြီ
"မိုး" မိတ်ဆွေ လျှပ်ပန်းလျှပ်နွယ်တွေ အောက်မှာ
"ည" က လှပလွန်းနေတယ်
မိတ်ဆွေ ကြည့်လှည့်ပါဗျာ....
ဒါက မှော်ဆန်တဲ့ အလှတရားပါ....။

"ည" က မျက်ရည်တွေကို ၀ှက်ပေးသလို
"မိုး" က ရှိုက်သံတွေကို ဖုံးထားပေးတယ်
"ည" က ငါ့ဘေးမှာ တိတ်ဆိတ်နေပေမယ့်
"မိုး" က အလွမ်းသရုပ်ဖော် တေးဆိုနေတယ်
ဒီကဗျာဟာ ဘယ့်သူ့ကို ၇ည်ရွယ်နေမှန်း မင်းတို့သိပေမယ့်
ဒီအကြောင်းတွေကို လျှောက်မပြောပါနဲ့ကွယ်။ ။
(ငါထာဝရ တောင်းဆိုပါရစေ)

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment