ကြိုသိနေတဲ့ ဇာတ်သိမ်း လင်းတော့လုပ်…မှောင်တော့အိပ်နဲ့ ငါတို့ဟာ ကိုယ့်ကိုယ်ကို လူလို့ခေါ်နေတဲ့ လောကရဲ့ ခွေးသွားစိပ်တွေပါကွယ်။
ဘဝကို နာရီတလုံးလို ငုံ့ကြည့်လိုက်တယ်။ ဒီစက်ဝိုင်းထဲမှာ ဒီခရီးကိုပဲ အကြိမ်ကြိမ် အထပ်ထပ် လှည့်ပတ်နေရတော့ ဘဝက သက်ရှိ နာရီလက်တံ ဆန်တယ်။
အသက်ဝဝ ရှူနိုင်ဖို့ အရေး လှေကားတွေအတိုင်း တထစ်ပြီး တထစ်လျှောက် သြော်…အမြင့်ရောက်ပြန်တော့လည်း သင်္ချိုင်းတခုပေါ် ပြန်ခုန်ချဖို့ပါပဲ။
သေခြင်းတရားဆီ ကိုယ့်ကိုယ်ကို လိုက်ပို့နေရတဲ့ ယာဉ်ကြီးထဲမှာ ငါနဲ့ငါ ကပ်လွဲသွားတာ ဘယ်လောက်ရင်နာစရာ ကောင်းလိုက်သလဲ။ အိပ်မက်နဲ့ ဘဝ ထပ်တူမကျတဲ့အဖြစ် ငါ အဆစ်ရလိုက်သေးတယ်။
ဒီလိုနဲ့ တတောင်ပြီး တတောင် အကျော် ခရစ်တော်က အိပ်မွေ့ချပြီးခေါ်တော့မှ ကိုယ့်ကိုယ်ကို မြေသားတွေဆီအပ် အားလုံးတခန်းရပ်လိမ့်မယ် သြော်…လူ့ဘဝရဲ့ဇာတ်တဲ့။ (ကောင်းကင်ကို) |
No comments:
Post a Comment