သားလေးမြိုင်ရပ်နှင်
အဖေ့ပြည်တွင်းရေးမှာ ကျနော်က စစ်ပြေးဒုက္ခသည် ဘ၀နယ်နိမိတ်မျဉ်းစပ်မှာ သံဆူးကြိုးအထပ်ထပ်နဲ့ လက်နက်ကိုင်အစောင့်အကြပ်တွေကြား ကျနော်လူလားမြောက်လာ
ကျနော်ငှက်ဥနှိုက်တမ်း မကစားဖူးဘူး ကြီးပြင်းလာတော့ ပျားဖွတ်သမားလည်း မဟုတ်ဘူး
ကျနော့်နိုင်ငံစစ်ရှုံးတော့ သားလေးက သုံ့ပန်း တကျွန်းစံ၊ နံရံပေါ်ဝလုံးရေးကျင့်ရင်း လောကယမ်းငွေ့တွေကြား ဖေဖေ့ရုပ်ပုံလွှာ မင်းပုံဖော်ကြည့်နေမလား
ဖေဖေ ငှက်ဥနှိုက်တမ်းမကစားဖူးဘူး ကြီးပြင်းလာတယ် ပျားဖွတ်သမားလည်း မဟုတ်ခဲ့ဘူး။ ။
(ဟန်သစ်မဂ္ဂဇင်း ၂၀၀၂) (ပိတောက်မြေမဂ္ဂဇင်း ၂၀၀၄) |
No comments:
Post a Comment