ထိလွယ်.ရှလွယ် တွေ အတွက် ပါ။
ဝါဆိုမိုး
အဲဒီညက ပင်လယ်အသေနဲ့ ကြယ်အကြွေနဲ့ ညားခဲ့မိတယ် မိမိုးရယ်။ ခပ်ယဲ့ယဲ့ အပြုံးနဲ့နင် ဘ၀တစ်ခုလုံး သိမ်းကြုံးယူချိန် ငါ့ရာသီ ၀ါဆိုက ထပ်ပြိုလာပါတော့မလား။
မပြုံးပြနဲ့တော့နော် နင့်အဝေးက ငါ့ရာသီတွေအတွက် နင့်ရင်နဲ့ ရင်းခဲ့တဲ့ ငါ့ ၀ါဆိုအတွက်။
အိမ်ပြန် နောက်ကျရုံပါ မိုးရယ် မှိုင်းလို့ မှောင်လို့တဲ့ ဒို့ဘ၀ ရာသီတွေ အစွမ်းကုန် တွန်းဖွင့်ရင်း ရင်နဲ့ ရင်းခဲ့ ခုတော့ ၀ါဆို ငါ ငိုနေရပြီ မိုးရယ်။
Johnyoharmar |
No comments:
Post a Comment