Friday, 15 April 2011

[စာပေစကားဝိုင်း] နိဂုံး မျက်ရည်နဲ့ထွန်ယက်ခဲ့တဲ့ရင်ခွင်ပါ...

နိဂုံး မျက်ရည်နဲ့ထွန်ယက်ခဲ့တဲ့ရင်ခွင်ပါ  ချောက်သွေ့တယ်လို့မပြောပါနဲ့  အလွမ်းနဲ့ပျိုးခဲ့တဲ့အပင်တွေ  ကြီးထွားလိုက်ပုံများ တောင်ပုံရာပုံ။   လောင်းရိပ်မိပြီးညှိုးသွားတဲ့  အချစ်မျိုးစေ့တွေက အစေ့မပေါက်ခဲ့တော့  မျက်ရည်နဲ့ရင်းခဲ့တဲ့ မျှော်လင့်ခြင်းတွေကလည်း  ဒီရင်ခွင်မှာမဖြစ်ထွန်းဘူးလေ။   တနေ့ရွှေတနေ့ငွေတဲ့  ကိုယ့်အတွက်ကတော့  မျက်ရည်နဲ့ထွန်တယ်  နှစ်လုံးသားနဲ့ထွန်တယ်  အလွမ်းနဲ့ထွန်တယ်  နောက်ဆုံး..... ဘဝနဲ့ထွန်တယ်  မဖြစ်ထွန်းလိုက်ပုံများ  နောက်ဆုံးအမုန်းတွေကို  သိမ်းကျုံးထုပ်ပြီး အိမ်ပြန်နောက်ကျခဲ့ပြန်တယ်။                 johnyoharmar
John Yoharmar 15 April 17:25
နိဂုံး
မျက်ရည်နဲ့ထွန်ယက်ခဲ့တဲ့ရင်ခွင်ပါ
ချောက်သွေ့တယ်လို့မပြောပါနဲ
့ အလွမ်းနဲ့ပျိုးခဲ့တဲ့အပင်တွေ
ကြီးထွားလိုက်ပုံများ တောင်ပုံရာပုံ။

လောင်းရိပ်မိပြီးညှိုးသွားတဲ့
အချစ်မျိုးစေ့တွေက အစေ့မပေါက်ခဲ့တော့
မျက်ရည်နဲ့ရင်းခဲ့တဲ့ မျှော်လင့်ခြင်းတွေကလည်း
ဒီရင်ခွင်မှာမဖြစ်ထွန်းဘူးလေ။

တနေ့ရွှေတနေ့ငွေတဲ့
ကိုယ့်အတွက်ကတော့
မျက်ရည်နဲ့ထွန်တယ်
နှစ်လုံးသားနဲ့ထွန်တယ်
အလွမ်းနဲ့ထွန်တယ်
နောက်ဆုံး..... ဘဝနဲ့ထွန်တယ်
မဖြစ်ထွန်းလိုက်ပုံများ
နောက်ဆုံးအမုန်းတွေကို
သိမ်းကျုံးထုပ်ပြီး အိမ်ပြန်နောက်ကျခဲ့ပြန်တယ်။

johnyoharmar

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment