Tuesday, 12 April 2011

[စာပေစကားဝိုင်း] မော်ဒန် ဝတ္ထုဆိုသည်မှာ (၁) မင်းခိုက်စိုးစန်၏...

မော်ဒန် ဝတ္ထုဆိုသည်မှာ (၁) မင်းခိုက်စိုးစန်၏ ကောင်းကင်နှဲ့မလွတ်တဲ့ အတောင်ပံတစ်စုံမှ                    ဟိုးအရင်တုန်းကတော့ ဝတ္ထုတစ်ပုဒ် ရေးပြီဆိုရင် အဖြစ်အပျက်တစ်ခုရဲ့ အစဉ်အဆက်တွေရယ်၊ အဲသည်လို ဖြစ်ပျက်စေတဲ့အကျိုးအကြောင်းတွေရယ်ကို အစဉ်တစိုက် ဦးတည်ပြီး ရေးဖွဲ့ကြတာပါပဲ။ ဥပမာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်တို့ ချစ်ကြတဲ့အကြောင်းဆိုရင် သူတို့ ဘယ်လို တွေ့ဆုံကြတယ်။ နောက်…….သံယောဇဉ်တွယ်စရာ ဘယ်လိုအကြောင်းတွေ ဖြစ်ပေါ်လာတယ်၊ နောက်…..ကွဲသွားတယ်ဆိုရင်လည်း ဘယ်လို အကြောင်းတွေကြောင့်၊ ဘယ်လိုလူက အနှောက်အယှက်ပေးလို့…..စသဖြင့်ပေါ့ အကြောင်းအကျိုးနဲ့ ချိတ်ဆက်မိမိ အစီအစဉ်တကျ ရေးဖွဲ့ကြတယ်။ တင်ပြချင်တဲ့ ပင်မအကြောင်းအရာကနေ တခြားကို ချော်ထွက်မသွားအောင် ဂရုတစိုက်နဲ့ ထိန်းသိမ်းကြတယ်။             အဲဒီလို ကြောင်းကျိုးချိတ်ဆက် အစီအစဉ်တွေနဲ့ ဝတ္ထုကို တည်ဆောက်နေရာမှာလည်း (၁) ဇာတ်ပျိုးပိုင်း၊ (၂) ဇာတ်တက်ပိုင်း၊ (၃)ဇာတ်အထွတ်အထိပ် (၄)ဇာတ်ဆင်းပိုင်းနဲ့ (၅) ဇာတ်သိမ်းဆိုပြီး အကွက်ကျကျ တည်ဆောက်တာပါ။ အဲဒီလို တည်ဆောက်မှလည်း ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်တယ်လို့ စောစောကဟြေခဲ့တဲ့ ကြောင်းကျိုးချိတ်ဆက် အစီအစဉ်ကျမှုတွေ၊ ဇာတ်တက်-ဇာတ်ထွတ်-ဇာတ်ဆင်း အကွက်ဖော်မှုတွေက မရှိမဖြစ် လိုအပ်တဲ့ အရည်အသွေးတွေအနေနဲ့ လွှမ်းမိုး(Dominant) နေပါတော့တယ်။ ဒီအထဲမှာ 'ဝတ္ထုအစပိုင်း နံရံမှာ သေနတ်တစ်လက် ချိတ်ထားတာကို ပြထားရင် အဲဒီသေနတ်ကို မပစ်ဘဲနဲ့ ဇာတ်မသိမ်းရဘူး၊ ပစ်ကို ပစ်ရမယ်' ဆိုတဲ့ ချက်ကော့ဗ် စံတွေလည်း(အသေးစိတ် ဟြေရရင်) ပါလာတာပေါ့။             အဲဒီလို သမားရိုးကျန်နည်းနဲ့ပဲ  ဝတ္ထုတွေကို ဖန်တီးနေရာကနေ အနုပညာရှင်(စာရေးဆရာ)ရဲ့ ဆန္ဒအာလျကြောင့်ပဲဖြစ်ဖြစ် ခေတ်အခြေအနေပတ်ဝန်းကျင်က ရိုက်ခတ်တဲ့ အာရုံခံစားမှုကြောင့်ပဲဖြစ်ဖြစ်၊ အဲဒီ နှစ်ခုစလုံးကြောင့်ပဲဖြစ်ဖြစ် အရင်ရှိပြီးသား 'စံ' တွေ၊ 'နည်းစနစ်' တွေ၊ 'လွှမ်းမိုးမှု' တွေဟာ ဟြေင်းလဲသွားပါတော့တယ်။ အဲဒီအချိန်မှာရေးလာတဲ့ ဝတ္ထုတွေမှာ အထက်က ဟြေခဲ့တဲ့ ကြောင်းကျိုးချိတ်ဆက် အစီအစဉ်ကျမှုတွေ၊ ဇာတ်တက်-ဇာတ်ထွတ်-ဇာတ်ဆင်းအကွက်ဖော်မှုတွေ စတဲ့ Dominant တွေဟာ ပဓာနမကျတဲ့နေရာကို ရောက်သွားပါတော့တယ်။ ဒါတွေပါမှ ဝတ္ထုတစ်ပုဒ်ရယ်လို့ သတ်မှတ်နိုင်မှာ ဆိုတဲ့အစွဲကို ပယ်ဖျက်လိုက်ကြတယ်။ အဲဒီလို အရင်တုန်းက ပဓာနကျခဲ့တဲ့ အချက်အလက်တွေဟာ အရေးမပါတဲ့ နောက်တန်းကို ဟြေင်းရွှေ့ရောက်ရှိသွားတာကို လွှမ်းမိုးမှုရွေ့လျောခြင်း (Dominant Shift)လို့ခေါ်ပါတယ်။             အဲဒီ လွှမ်းမိုးမှုရွေ့လျားခြင်းလက္ခဏာနဲ့ ရေးတဲ့ ဝတ္ထုဟာ မော်ဒန်ဝတ္ထုပါပဲ။ အဲဒါကြောင့် အတိုချုပ်ဟြေရရင် မော်ဒန်ဝတ္ထုဆိုတာ အရင်တုန်း အလေးထားခဲ့တဲ့ (ဝတ္ထုတစ်ပုဒ်ရဲ့ လိုအပ်ချက်လို့ သတ်မှတ်ထားတဲ့)စံတွေကို အလေးမထားတော့ဘဲ ရေးတဲ့ဝတ္ထုကို ခေါ်တာပါ။
Ye Thurein Min 12 April 14:24
မော်ဒန် ဝတ္ထုဆိုသည်မှာ (၁)
မင်းခိုက်စိုးစန်၏ ကောင်းကင်နှဲ့မလွတ်တဲ့ အတောင်ပံတစ်စုံမှ

ဟိုးအရင်တုန်းကတော့ ဝတ္ထုတစ်ပုဒ် ရေးပြီဆိုရင် အဖြစ်အပျက်တစ်ခုရဲ့ အစဉ်အဆက်တွေရယ်၊
အဲသည်လို ဖြစ်ပျက်စေတဲ့အကျိုးအကြောင်းတွေရယ်ကို အစဉ်တစိုက် ဦးတည်ပြီး ရေးဖွဲ့ကြတာပါပဲ။
ဥပမာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်တို့ ချစ်ကြတဲ့အကြောင်းဆိုရင် သူတို့ ဘယ်လို တွေ့ဆုံကြတယ်။ နောက်…….သံယောဇဉ်တွယ်စရာ ဘယ်လိုအကြောင်းတွေ ဖြစ်ပေါ်လာတယ်၊ နောက်…..ကွဲသွားတယ်ဆိုရင်လည်း ဘယ်လို အကြောင်းတွေကြောင့်၊ ဘယ်လိုလူက အနှောက်အယှက်ပေးလို့…..စသဖြင့်ပေါ့ အကြောင်းအကျိုးနဲ့ ချိတ်ဆက်မိမိ အစီအစဉ်တကျ ရေးဖွဲ့ကြတယ်။ တင်ပြချင်တဲ့ ပင်မအကြောင်းအရာကနေ တခြားကို ချော်ထွက်မသွားအောင် ဂရုတစိုက်နဲ့ ထိန်းသိမ်းကြတယ်။

အဲဒီလို ကြောင်းကျိုးချိတ်ဆက် အစီအစဉ်တွေနဲ့ ဝတ္ထုကို တည်ဆောက်နေရာမှာလည်း (၁) ဇာတ်ပျိုးပိုင်း၊ (၂) ဇာတ်တက်ပိုင်း၊ (၃)ဇာတ်အထွတ်အထိပ် (၄)ဇာတ်ဆင်းပိုင်းနဲ့ (၅) ဇာတ်သိမ်းဆိုပြီး အကွက်ကျကျ တည်ဆောက်တာပါ။ အဲဒီလို တည်ဆောက်မှလည်း ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်တယ်လို့ စောစောကဟြေခဲ့တဲ့ ကြောင်းကျိုးချိတ်ဆက် အစီအစဉ်ကျမှုတွေ၊ ဇာတ်တက်-ဇာတ်ထွတ်-ဇာတ်ဆင်း အကွက်ဖော်မှုတွေက မရှိမဖြစ် လိုအပ်တဲ့ အရည်အသွေးတွေအနေနဲ့ လွှမ်းမိုး(Dominant) နေပါတော့တယ်။ ဒီအထဲမှာ 'ဝတ္ထုအစပိုင်း နံရံမှာ သေနတ်တစ်လက် ချိတ်ထားတာကို ပြထားရင် အဲဒီသေနတ်ကို မပစ်ဘဲနဲ့ ဇာတ်မသိမ်းရဘူး၊ ပစ်ကို ပစ်ရမယ်' ဆိုတဲ့ ချက်ကော့ဗ် စံတွေလည်း(အသေးစိတ် ဟြေရရင်) ပါလာတာပေါ့။

အဲဒီလို သမားရိုးကျန်နည်းနဲ့ပဲ ဝတ္ထုတွေကို ဖန်တီးနေရာကနေ အနုပညာရှင်(စာရေးဆရာ)ရဲ့ ဆန္ဒအာလျကြောင့်ပဲဖြစ်ဖြစ် ခေတ်အခြေအနေပတ်ဝန်းကျင်က ရိုက်ခတ်တဲ့ အာရုံခံစားမှုကြောင့်ပဲဖြစ်ဖြစ်၊ အဲဒီ နှစ်ခုစလုံးကြောင့်ပဲဖြစ်ဖြစ် အရင်ရှိပြီးသား 'စံ' တွေ၊ 'နည်းစနစ်' တွေ၊ 'လွှမ်းမိုးမှု' တွေဟာ ဟြေင်းလဲသွားပါတော့တယ်။ အဲဒီအချိန်မှာရေးလာတဲ့ ဝတ္ထုတွေမှာ အထက်က ဟြေခဲ့တဲ့ ကြောင်းကျိုးချိတ်ဆက် အစီအစဉ်ကျမှုတွေ၊ ဇာတ်တက်-ဇာတ်ထွတ်-ဇာတ်ဆင်းအကွက်ဖော်မှုတွေ စတဲ့ Dominant တွေဟာ ပဓာနမကျတဲ့နေရာကို ရောက်သွားပါတော့တယ်။ ဒါတွေပါမှ ဝတ္ထုတစ်ပုဒ်ရယ်လို့ သတ်မှတ်နိုင်မှာ ဆိုတဲ့အစွဲကို ပယ်ဖျက်လိုက်ကြတယ်။ အဲဒီလို အရင်တုန်းက ပဓာနကျခဲ့တဲ့ အချက်အလက်တွေဟာ အရေးမပါတဲ့ နောက်တန်းကို ဟြေင်းရွှေ့ရောက်ရှိသွားတာကို လွှမ်းမိုးမှုရွေ့လျောခြင်း (Dominant Shift)လို့ခေါ်ပါတယ်။

အဲဒီ လွှမ်းမိုးမှုရွေ့လျားခြင်းလက္ခဏာနဲ့ ရေးတဲ့ ဝတ္ထုဟာ မော်ဒန်ဝတ္ထုပါပဲ။ အဲဒါကြောင့် အတိုချုပ်ဟြေရရင် မော်ဒန်ဝတ္ထုဆိုတာ အရင်တုန်း အလေးထားခဲ့တဲ့ (ဝတ္ထုတစ်ပုဒ်ရဲ့ လိုအပ်ချက်လို့ သတ်မှတ်ထားတဲ့)စံတွေကို အလေးမထားတော့ဘဲ ရေးတဲ့ဝတ္ထုကို ခေါ်တာပါ။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment