![မဟတ္တမဂန္ဓီရဲ့ ဖိနပ်တစ်ရန် ဖေမြင့် - နှလုံးသားအာဟာရ (ရသစာများ ၁) တစ်နေ့ မဟတ္တမဂန္ဓီကြီး ခရီးသွားရန်ရထားပေါ် အတက်မှာ သူ၏ဖိနပ်တစ်ဖက် ကျွတ်ပြီး အောက်ဘက် သံလမ်းပေါ်ကျသည်။ ရထားက ထွက်စပြုနေပြီဖြစ်ရာ သူကောက်မယူနိုင်တော့။ ဘေးလူတွေ ငေးကြည့်နေကြဆဲ ဂန္ဓီက အေးအေးဆေးဆေးပင် သူ့မှာကျန်နေသေးသည့် ဖိနပ်တစ်ဖက် ကိုချွတ်ကာ စောစောက ကျွတ်ကျခဲ့သည့် နေရာဘက်ဆီသို့ လှမ်းပစ်လိုက်သည်။ "ဟာ...ဘာလုပ်တာလဲ" ခရီးသည်တစ်ယောက်ကမေးသည့်အခါ ဂန္ဓီကြီးကပြုံးပြီး "စောစောက တစ်ဖက် တည်း ကောက်ရမယ့်လူ အခုတော့ တစ်ရန်ရသွားမှာပေါ့ဗျာ၊ အဲဒါဆိုသူစီးလို့ရသွားပြီ" ဟုဖြေလေသည်။ [မူရင်း။ ။ The Little, Brown Book of Anecdotes မှ အမည်မသိစာရေးသူ၏ Shoes]](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_sGKwywT-urbuZBfycbodkw2Z4JSwaCI7LQAcWkHl-b-_w6rpoe4fVfvLtUWqyIDnqs9sEDB8hQ9LYoh_tsvYLcl2D6k0Eprq2-n5-dTkms_rOWiELwdC2lTP7L72c_9Lf8EjFxnyN3v1kyLGyritBw47Fu1w=s0-d) | မဟတ္တမဂန္ဓီရဲ့ ဖိနပ်တစ်ရန် ဖေမြင့် - နှလုံးသားအာဟာရ (ရသစာများ ၁) တစ်နေ့ မဟတ္တမဂန္ဓီကြီး ခရီးသွားရန်ရထားပေါ် အတက်မှာ သူ၏ဖိနပ်တစ်ဖက် ကျွတ်ပြီး အောက်ဘက် သံလမ်းပေါ်ကျသည်။ ရထားက ထွက်စပြုနေပြီဖြစ်ရာ သူကောက်မယူနိုင်တော့။ ဘေးလူတွေ ငေးကြည့်နေကြဆဲ ဂန္ဓီက အေးအေးဆေးဆေးပင် သူ့မှာကျန်နေသေးသည့် ဖိနပ်တစ်ဖက် ကိုချွတ်ကာ စောစောက ကျွတ်ကျခဲ့သည့် နေရာဘက်ဆီသို့ လှမ်းပစ်လိုက်သည်။ "ဟာ...ဘာလုပ်တာလဲ" ခရီးသည်တစ်ယောက်ကမေးသည့်အခါ ဂန္ဓီကြီးကပြုံးပြီး "စောစောက တစ်ဖက် တည်း ကောက်ရမယ့်လူ အခုတော့ တစ်ရန်ရသွားမှာပေါ့ဗျာ၊ အဲဒါဆိုသူစီးလို့ရသွားပြီ" ဟုဖြေလေသည်။
[မူရင်း။ ။ The Little, Brown Book of Anecdotes မှ အမည်မသိစာရေးသူ၏ Shoes] |
No comments:
Post a Comment