မာရ်နတ်က အ၀ါကဒ်ကို ခိုးခဲ့တယ် အလောင်းစည်သူက ဘိုးဘွားတွေအပေါ် ပျက်ရယ်ပြုတယ်။
အရမ်းချိုတဲ့ သံပုရာသီးတွေ အရန်ခုံမှာ ရှိတယ် ဂေါဓေါပလ္လင်ရဲ့ ဒါယကာက ရွှေဂူကြီး'ရင်ပြင်မှာ ကြွေတယ်။
ရေငုံဆရာတော်က သီဟိုဠ် ကြွချီတယ် ကျွန်မိသားစုက စာပို့သင်္ဘောပေါ် ပြေးတက်တယ် မိုဘီဂျီနို ဘောလုံးအသင်းနှင့် ရဖျူဂျီ ဘောလုံးအသင်းတို့ ပထမပိုင်းမှာ သရေကျခဲ့တယ်။
သိရှိရန် သို့မဟုတ် သိရှိဖို့ အတွက် ရွေးချယ်ထားသော ဘော်လီဘောအသင်းသည် ဆရာတော် ဦးဗုဓ်'ကျောင်းအောက်မှ ထုံးအိုးထဲတွင် နှစ်မြုပ်သွားသောကြောင့် ကောင်းကင်ဘုံ၏ ၀ီစီသံအဆုံး၌ ……. ……. ……. အားလုံး အားလုံး …. အားလုံးကို အနီကဒ် ပြလိုက်တယ်။ ။
-စစ်ငြိမ်းဒီရေ
ကဗျာထဲမှ အသုံးအနှုန်းတချို့*
အလောင်းစည်သူ* = ပုဂံခေတ် အလောင်းစည်သူမင်း။ ဂေါဓေါပလ္လင်ရဲ့ ဒါယကာ* = အလောင်းစည်သူမင်း၏ မြေး နရပတိစည်သူမင်း (ပုဂံခေတ်)။ ရွှေဂူကြီး'ရင်ပြင်မှာ ကြွေတယ်* = ဘိုးဘွားများထက် ပိုပြီး ဘုန်း ကြီးသည်ဟု စော်ကားသည့်စကား ဆိုခဲ့သောကြောင့် အလောင်း စည်သူမင်း မျက်စိကွယ်ခဲ့ဖူးသည်၊ နောင်အခါ အလောင်း စည်သူမင်းအား သားတော်အလတ်ဖြစ်သူ နရသူက အ၀တ်ဖြင့် ပါးစပ်ဆို့ကာ ရွှေဂူကြီးဘုရား ရင်ပြင်၌ လုပ်ကြံ နန်းလုခဲ့တယ်၊ ယင်း အဖြစ်အပျက်များကို အလောင်းစည်သူမင်း၏ မြေးဖြစ်သူ နရသူမင်းရဲ့ ဒုတိယမြောက် သားတော် နရပတိစည်သူမင်းက ရွှေဂူကြီးဘုရား ရင်ပြင်ပေါ်မှာ သံဝေဂ ရခဲ့တယ်၊ တကယ်တော့ နရပတိစည်သူမင်း ကိုယ်တိုင်လည်း စူဠာမဏိဘုရား တည်စဉ်က ဆရာတော် ပံ့သကူငစွယ်ရှင် မဟာထေရ်အပေါ် ၀စီကံပြစ်မှား ခဲ့တယ်၊ သူ့အဖိုး အလောင်းစည်သူမင်းလို အဆုံးသတ်မှာ စိုးရိမ်း ပြီး ဂေါဓေါပလ္လင်ဘုရားကို တည်ပုံရပါတယ် (ပုဂံခေတ်)။ ရေငုံဆရာတော်*= နရသူမင်းလက်ထက်၊ ဓမ္မရံကြီးဘုရား တည် ဆောက်မှုတွင် ကျွန်များအား မတရားခိုင်းစေခဲ့ရာ အခိုင်းခံရသော ကျွန်များဖက်မှ ငုံထားသော ရေကို ထွေးထုတ်ပြီး အမှန်တရား အတွက် ရပ်တည်ပေးခဲ့သော သီဟိုဠ်ကြွ ရေငုံဆရာတော် (ပုဂံခေတ်)။ ကျွန်မိသားစု* = သီပေါမင်းလက်ထက်၊ ကျွန်စနစ်ရှိနေသည့် အထက်မြန်မာပြည်မှ ကျွန်စနစ်မရှိသည့် အင်္ဂလိပ်ပိုင် အောက် မြန်မာပြည်သို့ ထွက်ပြေးလွတ်မြောက်ရန် အင်္ဂလိပ်ပိုင် စာပို့ သင်္ဘောပေါ်သို့ ပြေးတက်ခဲ့သည့် မိသားစု (ကုန်းဘောင်ခေတ်)။ သိရှိရန် သို့မဟုတ် သိရှိဖို့ အတွက်* = နူရင်ဘတ် စစ်ခုံရုံး၏ ကမ္ဘာကျော် စွပ်စွဲချက်။ ဆရာတော် ဦးဗုဓ်* = "ဗုဓ်" အစ၊ "ဗုဓ်" အလယ်၊ "ဗုဓ်"အဆုံး ဟု ခေါ်ဝေါ်ကြသည့် ကုန်းဘောင်ခေတ် ဆရာတော် ဦးဗုဓ်။ |
No comments:
Post a Comment