တနှစ်မှာတခါပွင့်တက်တဲ့ပိတောက်တွေတောင် သဘာဝတရားကိုဆန့်ကျင်ပြီး အချိန်ခါမဟုတ်ပွင့်တက်နေပြိ။ အရောင်သွေးစုံလင်တဲ့နှင်းဆီပန်းတွေတောင် အချင်းအချင်းပြောနေကြတယ် ဒို့ရဲ့ပင်ကိုယ်အရောင်ကဘာလဲတဲ့။ ကြာလာရင်ခါးလွန်းတဲ့တမာတွေတောင် အရာသာပြောင်းပြီး ချိုလာမလားမသိဘူး။ လှောင်အိမ်ထဲကငှက်ကလေးတွေတောင် လွပ်လပ်စွာပျံသန်းဖို့ကို မေ့နေခဲ့ပြီလေ။ နံနက်ခင်းကြားနေကျကျေးငှက်သံတွေအစား ဆှုညံလွန်းတဲ့hip hopသံစဉ်တွေ နေရာယူလာခဲ့တယ်။ ရှုပ်ထွေးနေတဲ့ယာဉ်တွေကြားမှာ လေကောင်းလေသန့်ဆိုတာ ဘယ်ဆီမှာလဲ။ ရေသန့်ဗူးသောက်နေကြသူကပြောတယ် မင်းတို့ရေကPH7 မဟုတ်ဘူးတဲ့။ သြော်းးးးးးးးးးးးးးးးးးးးး ပြောင်းလဲနေတဲ့လောကကြီးမှာ အရာအားလုံးဟာ ပြောင်းပြန်အချိုးကြနေမျာပေါ့။ ဒါပေမဲ့လေးးးးးးးးးးးးးးး မင်းကိုချစ်တဲ့ငါ့အချစ်တွေကတော့ ဖောက်ပြန်ခွင့်မရခဲ့လို့ အားငယ်နေတယ်လေ။ |
No comments:
Post a Comment