Saturday, 16 April 2011

[စာပေစကားဝိုင်း] ချစ်သူကြည့်ဖို့ မောနေပြီ ချစ်သူရယ် အမှန်တရားနဲ့...

ချစ်သူကြည့်ဖို့  မောနေပြီ ချစ်သူရယ် အမှန်တရားနဲ့ မှန်ကြည့်ဖို့ ခွန်အားတွေ လိုနေသေးတယ်  မဖြစ်စလောက် စိတ်ကူးတစ်စနဲ့ အိပ်မက်တွေကို ချည်နှောင်ခဲ့ဖူးတယ် အခုတော့ အိပ်မက်တွေလည်း လွတ်ကုန်ပြီ စိတ်ကူးတစ်စလည်း ပြတ်သွားပြီ ဆုတောင်းလိုက်မယ်..... နင့်ကို တစ်ခါလွှတ် ငါ့ကို ဆယ်ခါလွှတ်လို့.....  သိပ္မံပညာရှင်တွေကို ခေါ်ပြချင်တယ် ဒီမှာ..... အချိန်အက်ဆစ်နဲ့ထိတောင် မပြောင်းနိုင်တဲ့ လစ်တမတ် နှလုံးသားလို့ ကဗျာဆရာတွေကပို ခေါ်ပြချင်တယ် ဒီမှာ.... ကံ့ကော်ပန်းရဲ့ ငိုကြွေးဟန်ကို သရုပ်ဆောင်တွေကို ခေါ်ပြချင်တယ်  ဒီမှာ ဟန်ဆောင်မှုကင်းတဲ့ အောင်စကာဆုရှင်လို့ အာဏာရှင်တွေကို ခေါ်ပြချင်တယ်  ဒီမှာ.... ပကာသန ကြိုးကိုင်မှု ကင်းတဲ့ နှလုံးသားတိုင်းပြည်လို့ သူရဲကောင်းတွေကို ခေါ်ပြချင်တယ်  ဒီမှာ.... တစ်ဖက်သတ် ရှုံးနိမ့်ပေးတဲ့ တိုက်ပွဲလို့ ကိုယ့်ချစ်သူကို ခေါ်ပြချင်တယ်  ဒီမှာ.... မမုန်း  မမေ့တက်တဲ့  အလွမ်းလူသားလို့ ။    ။
Mc D Flow 17 April 04:49
ချစ်သူကြည့်ဖို့

မောနေပြီ ချစ်သူရယ်
အမှန်တရားနဲ့ မှန်ကြည့်ဖို့
ခွန်အားတွေ လိုနေသေးတယ်

မဖြစ်စလောက် စိတ်ကူးတစ်စနဲ့
အိပ်မက်တွေကို ချည်နှောင်ခဲ့ဖူးတယ်
အခုတော့ အိပ်မက်တွေလည်း လွတ်ကုန်ပြီ
စိတ်ကူးတစ်စလည်း ပြတ်သွားပြီ
ဆုတောင်းလိုက်မယ်.....
နင့်ကို တစ်ခါလွှတ် ငါ့ကို ဆယ်ခါလွှတ်လို့.....

သိပ္မံပညာရှင်တွေကို ခေါ်ပြချင်တယ်
ဒီမှာ.....
အချိန်အက်ဆစ်နဲ့ထိတောင် မပြောင်းနိုင်တဲ့
လစ်တမတ် နှလုံးသားလို့
ကဗျာဆရာတွေကပို ခေါ်ပြချင်တယ်
ဒီမှာ....
ကံ့ကော်ပန်းရဲ့ ငိုကြွေးဟန်ကို
သရုပ်ဆောင်တွေကို ခေါ်ပြချင်တယ်

ဒီမှာ ဟန်ဆောင်မှုကင်းတဲ့ အောင်စကာဆုရှင်လို့
အာဏာရှင်တွေကို ခေါ်ပြချင်တယ်

ဒီမှာ....
ပကာသန ကြိုးကိုင်မှု ကင်းတဲ့ နှလုံးသားတိုင်းပြည်လို့
သူရဲကောင်းတွေကို ခေါ်ပြချင်တယ်

ဒီမှာ....
တစ်ဖက်သတ် ရှုံးနိမ့်ပေးတဲ့ တိုက်ပွဲလို့
ကိုယ့်ချစ်သူကို ခေါ်ပြချင်တယ်

ဒီမှာ....
မမုန်း မမေ့တက်တဲ့ အလွမ်းလူသားလို့ ။ ။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment