Friday, 8 April 2011

[စာပေစကားဝိုင်း] New doc: ''သင်္ကြန်နဲ့ ညီလေး''

created the doc: "''သင်္ကြန်နဲ့ ညီလေး'' "
Aung Myin Oo created the doc: "''သင်္ကြန်နဲ့ ညီလေး'' "

အမှန်တရားဆိုတာ

ချာလီထီးအသစ်တစ်ချောင်း ဖြောင်းခနဲဖွင့်လာသလို

လွယ်လွယ်ပွင့်မလာတယ်ဘူး ညီလေး။

 

 

ဆန်ကုန်မြေလေးတွေများတယ်ဆိုပေမယ့်

အလှကို အညစ်အညမ်းလေးတွေနဲ့ တွဲကြည့်မှ

တန်ဖိုးရှိသလိုလို ကြွရွလာတာကိုးနော်။

 

 

ဟိုတုန်းကလို ကြိုးဝိုင်းပေါ်တက်

လက်ခမောင်းတဖြောင်းဖြောင်းခတ်စရာမလိုတော့တဲ့ ခေတ်ထဲ

လက်သန်းလေးနဲ့ အန်တာကိုရဲရဲလေးခေါက်လိုက်

 

မင်းရဲ့ ကမ္ဘာ.........

မင်းရဲ့ အိပ်မက်........

မင်းသီတတ်ကုံးတတ်ရင်..........

 

ချွေးထွက်စရာမလိုတဲ့ သစ္စာလှလှ ပန်းချီတွေ

ဆွဲလိုကလည်း ဆွဲနိုင်ပါသေးတယ် ညီလေး။

 

 

ဘာဘဲဖြစ်ဖြစ်

အမှောင်တွေ တဖြောဖြောကြွေကျလာသည့်တိုင်

ငါ တို့အချစ်တွေမယိုင်ကြေး.....မနဲ့ကြေး....

တန်ရာတာဝန်တွေလည်း မရှောင်လွှဲကြေးပေါ့ ညီလေး။

 

 

 

ပိတောက်မလှိုင်လည်း သင်္ကြန်ဟာ ခိုင်မာခဲ့သလို

လာမယ့် နှစ်သစ်

မင်းနိုင်ငံအတွက် မင်းဘာဖြစ်မလဲ

မင်းမတွေးရသေးလဲ မပူနဲ့

မင်းဆံပင်ထောင်စရာရှိတာထောင်

မင်းနားကပ်ချွန်တွေတပ်လိုကတပ်

 

 

 

အေး

လိုအပ်လာတယ်ဆိုရင်တော့

ခေတ်တစ်ခေတ်ရဲ့ သားကောင်း

မင်းအရေခွံကောင်းကို မင်းပြန်ပြောင်းလဲဝတ်ဆင်ရမယ်ဆိုတာတော့

ဘယ်တော့မှ မမေ့နဲ့ ညီလေး

 

 

တွေလည်းတွေဝေမနေနဲ့

ငိုလည်းငိုမနေနဲ့

သိမ်းကြုံးယူခွင့်မပေးတဲ့အခါ

တစ်လွှာချင်း၊ တစ်ပွင့်ချင်းလည်း

ငါတို့ ရယူပိုင်ဆိုင်နိုင်သေးတယ်ဆိုတာ

ဒီသင်္ကြန်မှာလည်း သေချာလိုက်စမ်းပါညီလေး....။          ။

 

 

စိမ်းခက်စိုး

(တနင်္လာ) ဧပြီ ၀၄၊ ၀၄၊ ၂၀၁၁

ည - ၁၂း၀၀နာရီ


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment