 | ဟာလာဟင်းလင်းဖြစ်နေတဲ့ ဆံပင်ညှပ်ဆိုင်ထဲမှာ ဆံပင်ညှပ်သမားတွေ အိပ်ငိုက်နေကြရဲ့။ ဆံပင်ညှပ်သူကို စောင့်ကြ၊ မျှော်ကြ။ တစ်ယောက်မှ မပေါ်လာ။ ပျင်းရိငြီးငွေ့မိ၊ ဘာမှလုပ်စရာမရှိ။ ဟိုလျှောက်သည်လျှောက် လမ်းသလားကြ။ သူတို့ဘာသာ မုတ်ဆိတ်ပြန်ရိတ်ကြ။ သူတို့အချင်းချင်း ပြန်ဆံပင်ညှပ်ပေးကြ။ အချင်းချင်း စကားမရှိ စကားရှာပြောကြ။ အိပ်ငိုက်ကြ၊ ဟောက်ကြ၊ ပြန်နိုးလာကြ။ မိုးကြိုးမုန်တိုင်းတစ်ခုလာနေပြီ။ အရာအားလုံးမှောင်ပြာ၊ ကြက်တွေတွန်။ ဆံပင်ညှပ်သမားတွေ ကြောက်လန့်ကုန်ကြ။ ဟိုပြေး၊ သည်ပြေး၊ ပြေးကြ။ မိုးကြိုးသံကို သင်တို့ကြားပါစေ။ ဆံပင်ညှပ်သမားတွေ ငိုကြ၊ တေးဆိုကြ။ ဆံပင်ညှပ်သမားတွေ ရူးသွပ်သွားကြ။ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်သွားကြ။ ပြီးတော့ နှစ်ဆပြန်ပြီ၊ ကယောင်ခြောက်ခြားဖြစ်ကြ။ ။
ရေးသူ- ဂျူလီယန် ကြူဝင်း (Julian Tuwim (September 13, 1894 – December 27, 1953)) ကဗျာဘာသာပြန်- ဆရာမြသန်းတင့် (၂၃.၅.၁၉၂၉- ၁၈.၂.၁၉၉၈)
(မှတ်ချက်။ ။ ၁၉၂၆ ခုနှစ်တွင်၊ ပိုလန်နိုင်ငံသား ဂျူးလူမျိုး ကဗျာဆရာ ဂျူလီယန် ကြူဝင်းသည် အဲဒီခေတ်အဲသည့် အခါက ပိုလန်လွှတ်တော်ထဲတွင် ထိုင်နေသည့် နိုင်ငံရေးသမား များအား ရည်ညွှန်းစပ်ဆိုခဲ့သည့် ကဗျာဟု လူသိများပါသည်။ နောက်ပိုင်းတွင် "လူရွှင်တော် ချာလီချက်ပလင်" အား ရည်ညွှန်း ခဲ့သည်ဟု သိရပါသည်။ ဆရာမြသန်းတင့် ဘာသာပြန်သော လူများ၊ သက္ကရာဇ်များ၊ဘ၀ (၁၉၂၁- ၁၉၄၁) မှ ကူးယူ ဖော်ပြ ပါသည်။ စာမျက်နှာ- ၂၇) |
No comments:
Post a Comment