Thursday, 7 April 2011

[စာပေစကားဝိုင်း] နင်ဟာ လျော့နေတဲ့ ဂစ်တာကြိုးတချောင်းဆိုရင်တောင်...

နင်ဟာ လျော့နေတဲ့ ဂစ်တာကြိုးတချောင်းဆိုရင်တောင် ငါ့ရဲ့ အချစ်ကဝေနဲ့ ဂန္ဓ၀င် တေးသွားတွေ ဖန်တီးနိုင်တယ်။  ငါတို့ရဲ့အိပ်ပျက်ညတွေအတွက်ဆတိုးပေးဆပ်ရင်း ဒီတေးသွားကိုနားထောင်ဖို့ ငါ့ရင်ခွင်ထဲ နားနေပါကွယ်။  အချစ်က ခလောက်မဆန်ပါဘူး အချစ်ဟာငါတို့ရဲ့ အနုပညာ ငါတို့ကသာ ခလောက်ဆန်လောက်အောင် ချစ်တတ်တာ။  အချစ်ကမျိုသိပ်စရာမဟုတ်ဘူး တဒင်္ဂ သာလာတတ်တဲ့ မမြင်ရတဲ့ ကြမ္မာဆိုးကိုသာ အံကျိတ်ဝါးမျိုမှာ။  လာကွယ် တို့အတူသွားကြမယ် ဟိုးမဝေးတဲ့ အနာဂတ်ဆီ သံယောစဉ်တွေ ထမ်းပိုးရင်း နားလည်မှုတွေ ဝေမျှရင်း။  ရည်စူးတဲ့ မနက်ဖန်များကို ဖန်တီး ကြည်နူးမဲ့ အချိန်တွေကို တွယ်ဖက်ရင်း စိတ်ညစ်စရာတွေ မေ့ပြစ်လို့ လူတွေ အားကျအောင် ချစ်ကြစို့။  ရဲသူရိန်မင်း
Ye Thurein Min 08 April 00:17
နင်ဟာ လျော့နေတဲ့
ဂစ်တာကြိုးတချောင်းဆိုရင်တောင်
ငါ့ရဲ့ အချစ်ကဝေနဲ့ ဂန္ဓ၀င် တေးသွားတွေ
ဖန်တီးနိုင်တယ်။

ငါတို့ရဲ့အိပ်ပျက်ညတွေအတွက်
်ဆတိုးပေးဆပ်ရင်း
ဒီတေးသွားကိုနားထောင်ဖို့
ငါ့ရင်ခွင်ထဲ နားနေပါကွယ်။

အချစ်က ခလောက်မဆန်ပါဘူး
အချစ်ဟာငါတို့ရဲ့ အနုပညာ
ငါတို့ကသာ
ခလောက်ဆန်လောက်အောင် ချစ်တတ်တာ။

အချစ်ကမျိုသိပ်စရာမဟုတ်ဘူး
တဒင်္ဂ သာလာတတ်တဲ့
မမြင်ရတဲ့ ကြမ္မာဆိုးကိုသာ
အံကျိတ်ဝါးမျိုမှာ။

လာကွယ် တို့အတူသွားကြမယ်
ဟိုးမဝေးတဲ့ အနာဂတ်ဆီ
သံယောစဉ်တွေ ထမ်းပိုးရင်း
နားလည်မှုတွေ ဝေမျှရင်း။

ရည်စူးတဲ့ မနက်ဖန်များကို ဖန်တီး
ကြည်နူးမဲ့ အချိန်တွေကို တွယ်ဖက်ရင်း
စိတ်ညစ်စရာတွေ မေ့ပြစ်လို့
လူတွေ အားကျအောင် ချစ်ကြစို့။

ရဲသူရိန်မင်း

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment