ကောင်းကင်ပြာရဲ့ လမင်း
အဖြူရောင်ဝတ်ရုံလွှာ လွှမ်းခြုံထားဆဲ.. အဆုပ်လိုက် ပွင့်နေတဲ့.... တိမ်ပန်းခင်းတွေကြားက... အေးမြတဲ့ သူ့ရဲ့အလှကို မြောက်ဖက်စူးစူက...... အလင်းစက်လေးဟာ ငေးကြည့်နေတယ်.။ အဲဒီအချိန်............... ပုတုံးရောင် ကေသာအတွက်.. ကောင်းကင်ပြာရဲ့ လက်တွေဟာ.. ခရေပန်းတစ်ကုံး သီကုံးနေခဲ့တယ်..။ စကြာဝဠာကြီးထဲမှာ... ငါတို့ ဘ၀ဟာ ထပ်တူကျလို့ပေါ့.. ဒီပန်းချီကားကို ရေးဆွဲဖို့.... ပီကာဆိုက ဘာလို့မေ့နေခဲ့တာလဲ.. ဒါဟာ မပြောင်းလဲတဲ့..... ပန်းချီကား တစ်ချပ်ပေါ့.......... ငါ့ရဲ့ စိတ်အစဉ်ကို ကိုယ်စားပြုနေတဲ့. ပန်းတစ်ကုံးဟာ............ နွမ်းသွားလည်း မွှေးနေဦးမယ် သခင်.......... တစ်ကယ်တော့ သင်ဟာ... ငါ့ကောင်းကင်ပြာရဲ့ ညတွေကို.... လင်းဖြာစေမယ့် မိဖုရားတစ်ပါးဖြစ်တယ် ။ ။ |
No comments:
Post a Comment