မြန်မာပြည်ကိုလွမ်းသည်။
သင်္ကြန် မိုးရွာပီးစ မြေသင်းနံ့ကိုလွမ်းသည်။
ရေဗူးဖောင်း လုပ်ပေးတဲ့ ဖေဖေ့ကိုလွမ်းသည်။
အိမ်ရှေ့က ပိတောက်ပင်အိုကြီးကို လွမ်းသည်။
ခေါင်းလျှော်ပေးရမယ့် မေမေ့ကိုလွမ်းသည်..။
ရပ်ကွက်ရဲ့ လက်စွဲတော် ဈေးဝယ်ပေးဖို့ အခွင့်အရေးကိုလွမ်းသည်။
သူငယ်ချင်းတွေ မဏ္ဍပ်မှာ မူးတာကို လိုက်ထိန်းမယ့် အခွင့်အရေးကိုလွမ်းသည်။
ကားမမောင်းနိုင်လို့ လိုက်ပို့ရမယ့် အခွင့်အရေးတွေလွမ်းသည်။
တစ်ညနေလုံး အခြောက်ခံထားတဲ့ အ၀တ်တွေနဲ့ ညနေစောင်းမှ မိသွားသော ရေခဲရေတစ်ခွက်စာကို လွမ်းသည်။
သင်္ကြန်သီချင်းဖြင့် ညနေစာ ထမင်းဝိုင်းကိုလွမ်းသည်။
ငါ၏ စင်ကြယ်သော ဘ၀ကိုလွမ်းသည်။
ခရီးထွက်ဖြစ်ခဲ့သော တောင်ကြီးသင်္ကြန် ကိုလွမ်းသည်..။
ရေမထိချင်သော အပျိုကြီးများကို စောင့်ရေလောင်းရတဲ့ အခွင့်အရေးကိုလွမ်းသည်။
မနက်ဖြန်မှာ လုံးမယ့် မုန့်လုံးရေပေါ်ကိုလွမ်းသည်။
ဒီညနေ အင်းလျားလမ်းကို လွမ်းသည်။
အတာအိုးအတွက် ဇီးခက်ခူးဖို့ ထွက်ရခြင်းကို လွမ်းသည်။
ဘိလပ်ရည်ဖျော်ရာ သကြားများ၍ ရေရော ရေများ၍ ဘိလပ်ရည် ထပ်ထဲ့ တစ်လမ်းစာမက တစ်ရပ်ကွက်စာဖြစ်နေကြ နှစ်ဆန်းတစ်ရက်နေ့ လမ်းတွင်းအလှူကိုလွမ်းသည်။
မဆီမဆိုင် ရန်ကုန်မြို့ အထွက်အမှတ် ၃ လမ်းမကြီးမှ ဖရဲသီးဆိုင်များကို လွမ်းသည်။
နောက်ဆုံး ငါ့ကိုငါ ပြန်လွမ်းသည်။
:( :( :( :( :( :( :( :( |
No comments:
Post a Comment