ဒီအရာတွေ အသေအချာရှိမှ
အချိန်မတော် အရက်တွေ လူမှန်းသူမှန်းမသိ မူးထူးလာပြီး ပြန်လာတဲ့အခါ တံခါးဖွင့်ပြီး အိမ်ထဲကို တွဲခေါ်ပြီး သံပုရာရည် တိုက်ပြီး အ၀တ်အစားလဲပေးပြီး အိပ်ရာခင်းပြီး ခြင်ထောင် ထောင်ပေးပြီး နဖူးကို ဖွဖွလေး ငုံနမ်းပြီး သိပ်ရှုပ်ထွေး ပွေလီလှတဲ့ ငါ့ယောက်ျားကြီးလို့ မချိုမချဉ် ပြုံးနေတဲ့ အသက် (၄၈)နှစ်အရွယ် မိန်းမကြီးတစ်ယောက်ဖြစ်လာမယ့် မိန်းမပျိုငယ်တစ်ဦး အေးအေးလူလူ အလိုရှိသည် ။ ။
ငပေါင် ၂၇-၅-၀၉ |
No comments:
Post a Comment