လူတယောက်ဖြစ်ဖို့  သူဘယ်လောက်ကျင့်ရမှာလဲ လူတယောက်ဖြစ်လာရန် သူဘယ်လောက်အနစ်နာခံရမှာလဲ ဗန်းမော်တင်အောင်ပြောတဲ့ ဘ၀တန်ဖိုးကို ယုံလို့  မျိုးဆက်တို့ တခုပြီး တခုချရင်း လူဆန်သူဆန်တဲ့ ပျိုးခင်းလေးဆီ၊ စတေးတယ်လို့ မပြောရဘူး၊ ရွေးချယ်တယ်လို့ ပြောရမယ်လား ပညာတတ် စကားလုံးဒသနတွေကြားက ငါတို့  ငတုံးငအ တွေ၊ ဘာဖြစ်လဲ။ ဒီကိုလာပါ၊ ဖတ်ပါ မှတ်ပါ၊ ပြီးရင်ပြန်ထား၊ ငှားခွင့်မရှိ အမျိုးသားစာကြည့်တိုက် ဖွင့်ထားပေးခဲ့ဖူးတယ် တိုင်းပြည်မွဲတော့...ပိုးစားခြကိုက်နေတဲ့ အကျင့်စရိုက်တွေက အမျိုးသားစာကြည့်တိုက်ကို ၀ိုင်းကိုက်စားလိုက်ကြပြီ ကျောက်စာကို ရေးခဲ့တဲ့ ကျောက်တံတချောင်း ဈေးကောင်းလို့  ရောင်းချိုးလိုက်ကြပြီ ပိဋက ၃ ပုံ အာဂုံဆောင်ထားတဲ့ ရဟန်းတပါး ................................................................ စာကြည့်တိုက်ထဲကို စာရေးဆရာမလေး ၀င်လာတယ် လာရှာတဲ့ ကိုးကားရမဲ့စာအုပ်ဟာ ပျောက်နေလေရဲ့ သူမသည် ၀တ္ထုကို ရှက်ပြုံးပြုံးသလို အဆုံးသတ်ခဲ့၏။ အာဇာနည်နေ့  ဘုရားလည်ပင်းကို ကြိုးကွင်းလာမစွပ်နဲ့  ကြိုးစင်ပျက်ကျ၊ ကြိုးပြတ်တတ်သည် အာဇာနည်နေ့ ။
သုအိုင်စံ |
No comments:
Post a Comment