ခရေကောက်သူ
ဖိနပ်ချွတ်တတ်ရုံနဲ့ ကောက်ခဲ့တဲ့ခရေပါ မိုးရယ်။ အချစ်နဲ့လန်းခဲ့တဲ့ ပန်းတွေ အလွမ်းကြောင့် နွမ်းခဲ့ချိန် ငါ့မှတ်စုစာအုပ်လေးထဲ သိမ်းထုပ် ခဲ့တယ်။
မျက်လုံးမှိတ်ပြီး မက်ခဲ့တဲ့ အိမ်မက်ပါ မိုးရယ်။ ချစ်အိမ်မက်နဲ့ လှေတွေ ရွက်လွှင့်ဖို့ ကြိုးစားချိန် လွယ်အိပ်ကြိုးလေးနဲ့ ချည်ပြီး ကျောက်ချ ခဲ့တယ်။
မျက်ရည် နဲ့ရင်းခဲ့တဲ့ နှလုံးသားတစ်စုံပါ မိုးရယ်။ မင်းလက်ဝါးလေး မှတ်ကျောက်တင်ဖို့ ကြိုးစားချိန် ဖိနပ်ချွတ် မျက်လုံးမှိတ်ပြီး ခေါင်းမော့ ပေး ခဲ့တယ်။ ပြောလိုက်ပါခရေရယ် ရင်ထဲမှာမိုးတွေရွာနေတယ်။
Johnyoharmar
ဖြစ်လေရာ ဘ၀တိုင်း အသဲကွဲဖူးပါစေ။ |
No comments:
Post a Comment