ကြက် ၊ ကျွဲ နဲ့နွား (အု ရ် ဂါ ရ် ကြာ့ မို တ်) ++++++++++++++++++++++ ရှေးတုန်းက တောရွာတရွာမှာ တောင်သူကြီး တယောက်ရှိတယ်။ တောင်သူကြီးဟာ လယ်ယာခြံမြေတွေကိုတဖက်၊ ၀န်တင်လုပ်ငန်းတွေကိုတဖက် လုပ်ကိုင်ပြီး အသက်မွေးတယ်။ ဒီတောင်သူကြီးဟာ လယ်သူခြံမြေလုပ်ငန်းတွေကိုကောင်းကောင်းလုပ်နိုင်ဘို့ အတွက် ကျွဲတွေမွေးထားပြီး ၀န်တင်လုပ်ငန်းအတွက် နွားတွေကို မွေးထားတယ်။ တောင်သူကြီးလုပ်ငန်းလုပ်တဲ့ အခါမှာ ကြက်တွန်သံကို အချိန်ပြုပြီးစောစောကြီးထပြီး အလုပ်လုပ်တယ်။ ဒီတော့ ကျွဲ နဲ့ နွားတွေလဲ မနတ်မလင်းခင်ကတဲက ကိုယ်စီကိုငှ တာဝန်ထမ်းဆောင်ကြရတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ ကျွဲနဲ့ နွားတွေဟာ ပင်ပန်းဆင်းရဲလာကြတယ်။မိုးတွင်းမှာဆိုယင် အလုပ်လုပ်ကြရတဲ့ အချိန်ကပိုများတော့ ပိုပင်ပန်းဆင်းရဲလာကြတယ်။ တနေ့မှာ နွားနဲ့ ကျွဲတွေဟာ မိုးဦး ကျတော့မဲ့ အရိပ်အရောင်ကိုတွေ့ကြတဲ့ အခါ မိုးဦးကျယင် ပင်ပန်းဆင်းရဲတော့မယ်၊ သခင်ခိုင်းတာကို လုပ်ကြရတော့မယ်လို့တွေးပူပြီး ဘယ်လိုလုပ်ယင် သက်သာကြမလဲဆိုတာ ဆွေးနွေးတိုင်ပင်ကြတယ်။ အဲ့ဒီအခါ နွားတကောင်က "အိုအဆွေ ကျွဲ နဲ့ နွားတိုက ကျူပ်အကြံတစ်ခုရပါတယ်၊ ကျူပ်တို့သခင်ဟာ ကြက်တွန်သံကို အချိန်ပြုပြီး ကျူပ်တို့ကိုခိုင်ပါတယ်၊ ကျူပ်တို့ အလုပ်ချိန်ဟာ ကြက်တွန်သံပေါ်မှာ အခြေတည်ပါတယ်၊ ကြက်စောစောတွန်လျှင် ကျူပ်တို့စောစောအလုပ်လုပ်ရပါမယ်၊ ဒိလိုဆိုယင် မိုးဦးကျချိန်က မိုးတွင်းကုန်တဲ့ အထိ မိုးတွင်းမှာ စောစောမတွန်ဘို့ ကြက်ကိုချော့မော့တောင်းပန်ရယင် ကျူပ်တို့သက်သာရာရကောင်းပါတယ် " လို့တိုင်ပင်ကြပြီး ကြက်ဆီကိုသွားကြတယ်။ ကြက်ဆီကိုရောက်ကြတော့ နွားနဲ့ ကျွဲက "အသင်ကြက်မင်း အသင်ဟာ အလွန်ချောမောလှပါသူဖြစ်ပါတယ်၊ အသင့်ရဲ့ အသံကလဲ အလွန်သာယာပါတယ်။ သင်ဟာ လူသားတို့ ကောင်းကျိုးကို ဆောင်ရွက်သူဖြစ်ပါတယ်၊ ဒါပေမဲ့ အသင်ကြက်မင်း ကျူပ်တို့တခုတောင်းပန်လိုပါတယ်၊ မိုးတွင်းဟာ ညတာတိုပြီး နေ့တာရှည်ပါတယ်၊ အသင်စောစောတွန် ယင် ကျူပ်တို့စောစောထရပြီး တနေ့လုံး အလွန်ဆင်းရဲပင်ပန်းအောင် အလုပ်လုပ်ကြရပါတယ်၊ နေ့တိုင်းဆင်းရဲ ပင်ပန်းယင် ကျူပ်တို့အသက်တိုကြပါမယ်၊ ကျူပ်တို့ကိုသနားတဲ့ အနေနဲ့ကြက်ဦး စောစောမတွန်ဘို့ တောင်ပန်းလိုပါတယ် အသင်ကြက်မင်း " လို့ပြောကြတယ်။ အဲ့နေ့က စပြီး တောကြက်တွေလဲ ကျွဲနွားတွေကို သနားကြတာနဲ့ ၀ါတွင်းသုံးလပတ်လုံးမတွန်ကြတော့ဘူး။ မြို့ကြက်တွေလဲ နယုန် ၊ ၀ါဆို ၊ ၀ါခေါင်လမှာ ကြက်ဦးတွန်နောက်ကျကြတယ်။ ဥပဒေသ။ ။ကြက်လိုတဖတ်သားကိုသနားကြင်နာပါ။ STORY TELLERS |
No comments:
Post a Comment