Saturday, 16 July 2011

သစ္စာမပီတဲ့ ခပ်ပေါပေါ ကတိတွေ

သစ္စာမပီတဲ့ ခပ်ပေါပေါ ကတိတွေ  ချုပ်ကိုင်ထားလိုက်တာများ..  ခြေမန်းကွင်း ခတ်ခံထားရသလိုပဲ..  ဝေဝါးနေတဲ့ အနာဂတ်လည်း  မင်း ပြောတဲ့ အချစ်တု တစ်ခုနဲ့  လင်းတယ် ထင်ခဲ့တယ်....  အရာရာ သံသယ ကြီးတတ်ခဲ့တဲ့ ငါတောင်  နင့် မုသားအောက်မှာ  ကျေကျေနပ်နပ် ကျရှုံးတတ်ပြီ….  မရည်ရွယ်ဘူးလို့တော့ မပြောနဲ့  တဘဝစာ ချည်တွယ်ခံလိုက်ရသလိုပဲ...  သံမှိုရိုက်သွင်းပြီး ပြန်နှုတ်ခိုင်းခဲ့တဲ့ပုံပြင်လို...  အနည်းဆုံးတော့ သံမှိုရာလေးတော့ ကျန်နေသေးတာပဲတဲ့လား...  သေချာလို့လား ချစ်သူရယ်...  ရင်တခုလုံး စုတ်ဖြဲခံထားရသူအတွက်
Prickly Heat 16 July 17:51
သစ္စာမပီတဲ့ ခပ်ပေါပေါ ကတိတွေ

ချုပ်ကိုင်ထားလိုက်တာများ..

ခြေမန်းကွင်း ခတ်ခံထားရသလိုပဲ..

ဝေဝါးနေတဲ့ အနာဂတ်လည်း

မင်း ပြောတဲ့ အချစ်တု တစ်ခုနဲ့

လင်းတယ် ထင်ခဲ့တယ်....

အရာရာ သံသယ ကြီးတတ်ခဲ့တဲ့ ငါတောင်

နင့် မုသားအောက်မှာ

ကျေကျေနပ်နပ် ကျရှုံးတတ်ပြီ….

မရည်ရွယ်ဘူးလို့တော့ မပြောနဲ့

တဘဝစာ ချည်တွယ်ခံလိုက်ရသလိုပဲ...

သံမှိုရိုက်သွင်းပြီး ပြန်နှုတ်ခိုင်းခဲ့တဲ့ပုံပြင်လို...

အနည်းဆုံးတော့ သံမှိုရာလေးတော့ ကျန်နေသေးတာပဲတဲ့လား...

သေချာလို့လား ချစ်သူရယ်...

ရင်တခုလုံး စုတ်ဖြဲခံထားရသူအတွက်


No comments:

Post a Comment