Wednesday, 27 July 2011

ဗေဒါလမ်း (၄) - မှန်းဖို့လိုပဲ

created the doc: "ဗေဒါလမ်း (၄) - မှန်းဖို့လိုပဲ"
Harry Lwin created the doc: "ဗေဒါလမ်း (၄) - မှန်းဖို့လိုပဲ"

ဗေဒါလမ်း (၄) - မှန်းဖို့လိုပဲ

မဗေဒါ၊ ဘယ်ရွာဘယ်စခန်းနဲ့

ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ။

ဒီတက်လျင်ပျော်

ဗေဒါမော် ရေကျော်ဆိုက်အောင် ၊ ဆန်လိုက်သည်ပဲ။

မဗေဒါ၊ ဘယ်ရွာ ဘယ်စခန်းနဲ့

ဘယ်ကမ်းခြေ၊ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ

ဒီကျလျင်ရွှင်

ဗေဒါခင် ပင်လယ်ဆိုက်အောင်၊ စုန်လိုက်သည်ပဲ။

ဘုတ်မက အီ၊ ပီပီက သံမစဲ၊

မဗေဒါ စုန်ဆန်လမ်းကို ၊ မှန်းဖို့လိုပဲ။ ။

ဇော်ဂျီ

(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ - ၁၉၅၉)

ကျူရိုးရှင်က ဘယ်လိုပဲ မှန်းဆလွမ်းနေပေမယ့် မဗေဒါကတော့ နားခိုစရာကိုမရှာဘဲ ဒီအတက်အကျ ကိုလိုက်ပြီး စုန်လိုက် ဆန်လိုက်နဲ့ပဲ ချောင်းရိုးတလျှောက်မှာ သူ့ဘ၀ကိုသူ ပျော်ပျော်ကြီး လျှောက်လှမ်းနိုင်ပါတယ်။ မဗေဒါ အမြဲ စုန်ဆန် နေရသလိုပဲ ကျနော်တို့ဘဝတွေမှာလဲ အနိမ့်အမြင့်အတက်အကျတွေနဲ့ ပြည့်နှက်လို့ ဘ၀ခရီးကို လျှောက်နေကြရ တာပဲမဟုတ်လား။ အဲဒီအခါမှာ ဗေဒါလေးတွေလိုပဲ ချောင်းရိုးလေးရဲ့ အကွေ့အဖြောင့်နဲ့အညီ ကမ်းကွေ့တော့လည်း ခွေခွေလေးသွားလိုက်၊ ကမ်းပြေတော့လည်း ဖြောင့်ဖြောင့်စင်းစင်းလေး သွားလိုက်နဲ့ အလိုက်သင့်စီးမျောတတ်သလို ကျနော်တို့လဲ စီးမျောတတ်ဖို့ ကြိုးစားရပါလိမ့်ဦးမယ် ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...

ဟယ်ရီ

http://harrylwin.blogspot.com/2008/09/blog-post_18.html



No comments:

Post a Comment