Wednesday, 27 July 2011

ဇာတ်သိမ်းခန်း

ဇာတ်သိမ်းခန်း  အသွေးအသားတို့ နဲ့  ရင်းနှီးကပြခဲ့  ပြီးတဲ့နောက် ပရိသတ်တို့ မျက်ရည်တဖိတ်ဖိတ်  မကျလည်း ၀မ်းမနည်းတော့ဘူး...  စံပယ်လမ်းကျဉ်းကလေးထဲက ကျေးငှက်တို့  သံပြိုင်နုတ်ဆက်လိုက်ကြပြီ...  အရှေ့ဖက်က ရဲဝံ့စွာ  ထွက်ခဲ့ပြီးမှတော့ အနောက်ဖက်မှာ..မှုန်ရီ  ကြွေဆင်းဖို့လည်း ၀န်မလေးတော့ပါဘူး...  စိုက်ပျိုးခဲ့တဲ့  လက်တို့က သွေးနဲ့ယက်တဲ့  အိပ်မက်ကို ပြန်လည်ရိပ်သိမ်းပြီးတဲ့အခါ... မနက်ဖြန်မှာ ကျွန်တော်  နိုးထရပါဦးမယ်...။  (မြွေ)
Ka Yin Lay 27 July 21:22
ဇာတ်သိမ်းခန်း

အသွေးအသားတို့ နဲ့ 
ရင်းနှီးကပြခဲ့
ပြီးတဲ့နောက်
ပရိသတ်တို့ မျက်ရည်တဖိတ်ဖိတ်
မကျလည်း
ဝမ်းမနည်းတော့ဘူး...

စံပယ်လမ်းကျဉ်းကလေးထဲက
ကျေးငှက်တို့
သံပြိုင်နုတ်ဆက်လိုက်ကြပြီ...

အရှေ့ဖက်က ရဲဝံ့စွာ
ထွက်ခဲ့ပြီးမှတော့
အနောက်ဖက်မှာ..မှုန်ရီ
ကြွေဆင်းဖို့လည်း
ဝန်မလေးတော့ပါဘူး...

စိုက်ပျိုးခဲ့တဲ့
လက်တို့က
သွေးနဲ့ယက်တဲ့
အိပ်မက်ကို
ပြန်လည်ရိပ်သိမ်းပြီးတဲ့အခါ...
မနက်ဖြန်မှာ ကျွန်တော်
နိုးထရပါဦးမယ်...။

(မြွေ)


No comments:

Post a Comment