Wednesday, 27 July 2011

☻ ရွှေလရောင် ☺

☻ ရွှေလရောင် ☺  မြို့လုလင် သာတဲ့ကွန်းဆီသို့ တို့သခင် စာဖွဲ့လို့ ညွှန်းလိုက်ကဲ့ ဒါနဲ့ လွမ်းကြပေတော့ကွာ ။  မြို့သူကြီးရယ်လို့ တို့ထီး နေတမျပေ ပေါ့ ရွှေလရောင် ဘွဲ့သတင်းရယ်နဲ့ ဦးမင်းရောင် ဗိုလ်ဝင်ခံလို့မို့ ဟိုအလျင်ယမန် စစ်အင်ကျင်းတယ် ခင်းတဲ့ဗျူဟာ ။  မြတ်လောကီ သဘာဝတွင်ဖြင့် ဓါတ်ကောလီ ခါမရတာမို့ မြန်မာမျာ့ ဘုန်းသမ္ဘာ ရှုံးပါပေါ့ ကံတမျိုး ။  မန်းအပျက်မှာ စန်းလဂ် မသာမယာမို့ ဗမာ ဗမာချင်းတောင်မှ အတင်း ရန်မူလို့ ရန်သူကို ရန်ဟူ၍မမှတ်တဲ့ပြင် ကိုယ့်တပ်ကိုယ် ပြန်ကာနင်းကြတဲ့ ဖျင်းလှတဲ့ ကမြင်းမအကောင်ဗိုလ်တချို့ရယ်က ကိုယ်ဖို့ အလွတ်ရုန်းရောမယ်လို့ တောင်ကုန်းသာသာယာယာ မြင်းမဏိစခန်းဆီက တရှောင်ရှောင်ပုန်းကာ အတွင်းသိတဲ့ မင်းအမိဖမ်းချင်ကြတဲ့ပြင် ပရမ်းပတာ တော်ရာလျော်ရာပြေးကြတော့ အရေးရှင် မကြံသာသနဲ့ ကံကြမ္မာ ရှေးဝဋ်ကြွေးပေထင့် လေးတိုင်စဉ် ရွာအတွင်းတွင်ဖြင့် အင်္ဂလိပ်တွေကို အတင်းကြိတ်မဟေ့လို့စမ်းခဲ့တဲ့ တဖောင်ဖောင်သတင်း တပြောင်ပြောင်လင်းခဲ့တဲ့ တောင်တွင်းကသခင်ကို အောင်တြင်းမရင်ခင်ဖမ်းတဲ့ပြင် အကြမ်းပတမ်း မလုပ်ကောင်းသော်လဲ ဦးခေါင်းဖြတ်ကာ အသေသတ်ကြသတဲ့ မကျေနပ်ရှာသူ ချောင်တပဲ့ဗန်းတို့ရဲ့ ပြေရပ်မှာ တဘောင်နဲ့လွမ်းကြပေတော့ တောင်တမန်းမြို့ နေလနှစ်ဆောင်အညှိုးတွင်ဖြင့် ပြေမြန်မာ့ တဘောင်မစိုးရရှာတဲ့ အခေါင်မမြန်း အမှောင်သန်းသမို့ အောင်ပန်းညို့ခဲ့ရတဲ့ အောင်ဆန်းတို့ ရွှေလရောင်အဖိုး .... ။  သခင်ကိုယ်တော်မှိုင်း
Ka Yin Lay 27 July 23:27
☻ ရွှေလရောင် ☺

မြို့လုလင် သာတဲ့ကွန်းဆီသို့
တို့သခင် စာဖွဲ့လို့ ညွှန်းလိုက်ကဲ့
ဒါနဲ့ လွမ်းကြပေတော့ကွာ ။

မြို့သူကြီးရယ်လို့
တို့ထီး နေတမျပေ ပေါ့
ရွှေလရောင် ဘွဲ့သတင်းရယ်နဲ့
ဦးမင်းရောင် ဗိုလ်ဝင်ခံလို့မို့
ဟိုအလျင်ယမန် စစ်အင်ကျင်းတယ်
ခင်းတဲ့ဗျူဟာ ။

မြတ်လောကီ သဘာဝတွင်ဖြင့်
ဓါတ်ကောလီ ခါမရတာမို့
မြန်မာမျာ့ ဘုန်းသမ္ဘာ
ရှုံးပါပေါ့ ကံတမျိုး ။

မန်းအပျက်မှာ
စန်းလဂ် မသာမယာမို့
ဗမာ ဗမာချင်းတောင်မှ
အတင်း ရန်မူလို့
ရန်သူကို ရန်ဟူ၍မမှတ်တဲ့ပြင်
ကိုယ့်တပ်ကိုယ် ပြန်ကာနင်းကြတဲ့
ဖျင်းလှတဲ့ ကမြင်းမအကောင်ဗိုလ်တချို့ရယ်က
ကိုယ်ဖို့ အလွတ်ရုန်းရောမယ်လို့
တောင်ကုန်းသာသာယာယာ မြင်းမဏိစခန်းဆီက
တရှောင်ရှောင်ပုန်းကာ အတွင်းသိတဲ့
မင်းအမိဖမ်းချင်ကြတဲ့ပြင်
ပရမ်းပတာ တော်ရာလျော်ရာပြေးကြတော့
အရေးရှင် မကြံသာသနဲ့
ကံကြမ္မာ ရှေးဝဋ်ကြွေးပေထင့်
လေးတိုင်စဉ် ရွာအတွင်းတွင်ဖြင့်
အင်္ဂလိပ်တွေကို အတင်းကြိတ်မဟေ့လို့စမ်းခဲ့တဲ့
တဖောင်ဖောင်သတင်း တပြောင်ပြောင်လင်းခဲ့တဲ့
တောင်တွင်းကသခင်ကို အောင်တြင်းမရင်ခင်ဖမ်းတဲ့ပြင်
အကြမ်းပတမ်း မလုပ်ကောင်းသော်လဲ
ဦးခေါင်းဖြတ်ကာ အသေသတ်ကြသတဲ့
မကျေနပ်ရှာသူ ချောင်တပဲ့ဗန်းတို့ရဲ့
ပြေရပ်မှာ တဘောင်နဲ့လွမ်းကြပေတော့
တောင်တမန်းမြို့ နေလနှစ်ဆောင်အညှိုးတွင်ဖြင့်
ပြေမြန်မာ့ တဘောင်မစိုးရရှာတဲ့
အခေါင်မမြန်း အမှောင်သန်းသမို့ အောင်ပန်းညို့ခဲ့ရတဲ့
အောင်ဆန်းတို့ ရွှေလရောင်အဖိုး .... ။

သခင်ကိုယ်တော်မှိုင်း


No comments:

Post a Comment