သူ့ မှာတမ်း
သူတို့ အဆုတ် ထားခဲ့မြှုပ်သည့် ဗုံးငုတ်တိုက်မှား မောင်ပြောက်ကျားကို ရွာသားရွာသူ မေးကြမြူသည် အူအူယမ်းငွေ့  ထတုန်တည်း။
အမောင် ပြောက်ကျား၊ ချစ်သူအားကို ဘာများ မှာခဲ့ လိုသနည်း ။
ငယ်က ကြင်မြတ် ၊ မိသက်မှတ်ကို ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။
အမောင် ပြောက်ကျား ၊ မိဖအားကို ဘာများ မှာခဲ့ လိုသနည်း ။
မွေးသည့်မိခင် ၊ မွေးဖခင်ကို ဦးတင်ခဲ့ကြောင်း ပြောပါလေ ။
မောင် ပြောက်ကျား ၊ တိုင်းပြည်အားကို ဘာများ မှာခဲ့ လိုသနည်း ။
ခရီးမတ်တပ် ၊ လမ်းခုလတ်တွင် ကိုယ်လွတ် ရှောင်ခွာ ၊ ခွဲရပါရ်ျ အားနာခဲ့ကြောင်း ပြောပါလေ ။
ယမ်းငွေ့အူအူ ၊ တလူလူနှင့် မေးမြူကြတုန်း ၊ အနောက်ကုန်းတွင် နေလုံး ကွယ်လေ ပြီတကား ။ .............................. ...............ကဗျာဆရာ မင်းသုဝဏ် က ................၁၉၆၃ခုနှစ်ကရေးဖွဲ့ ထားတာပါ။ |
No comments:
Post a Comment