Thursday, 28 July 2011

'' ဗုဒ္ဓဟူးမလေး သာဓုခေါ်ရန် ''

'' ဗုဒ္ဓဟူးမလေး သာဓုခေါ်ရန် '' နေရောင်ခြည်တစ်ချို့  ကိုစွတ်ယူစားသောက်ချင်သည် ။ နားလည်မှုတစ်ချို့  ကို လိပ်စာတပ်မရ ။  ည ။ ဒီကောင်းကင်ဟာ ဘာကြောင့်မည်းမှောင်နေရတာ လဲ ၊ မီးမဖွင့်ထားသော် လည်း သူမ က အထင်အရှား ၊  ပိုင်ရှင်မဲ့သော ဂစ်တာတစ်လက်အတွက် ယနေ့  ကြိုးတပ်ပေးပါ  သံစဉ်အပေါစားတွေအတွက် တခမ်းတနား လက်ခုပ်တီးပေးကြပါ  ကျေးဇူးပြု ပြီး......ခင်ဗျားတို့ နားများ မခတ် ပဲကြည့် ပါ  ခက်ခက်ခဲခဲဟု ထင်ရသော ဘ၀ သည် အလွယ်တကူပြီးဆုံးသွားသည် ။  ခင်ဗျား အိပ်လို က အိပ်နိုင်သည် ၊ အသက် ၀ ၀ ရူ ပါ ၊  '' မိမွန် '' နေကောင်းပါစ  '' ချစ်သောနိုဝင်ဘာမလေးရေ ''  သို့ .....  '' မိတည်ကြည် ''  '' ငါ့ရဲ့  ရင်ဝှက် အံဆွဲလေး ''  '' ဟန်နီ '' ဟာ ကျုပ် ကိုယ်တိုင် ဖြစ်တယ် ''   '' အရင်လိုခေါင်းမာနေတုန်းလား မနှင်းဆီ ''     မဟုတ်ဘူး..... သူတို့ မဟုတ်ကြဘူး ။     ကျွန်တော့် နေ့ စွဲတွေ အကုန်လုံး သူမ ယူသွားတဲ့ အခါ နာရီလက်တံတွေ က သူ့  နာမည်မှာ ပဲ ရပ်လို့  ၊  ဆက်ထုံးတွေ များ လာတဲ့ အခါ ကြိုးဟာ တို သွားတယ် ဆိုပေမယ့် သံသရာ က ဒီလို မဟုတ်ခဲ့ဘူး ၊  မရှိတာ ထက် မသိတာ ခက် တဲ့  ကျွန်တော့် မှာ သိ ပေမယ့် မရှိ ခဲ့ဘူး ၊  တပ်မက်မှု က ဒဏ်ရာမှာ နေသားတကျ ၊ '' ဟလို '' တစ်ချက် နဲ့ လည်း ကမ္ဘာပျက် တယ် ၊  သူ့  အချစ်ဆုံး သူကြီး အကြောင်း ကြားတော့ ကျွန်တော် ဟက်ဟက်ပက်ပက် ကြေကွဲတယ် ၊  ဘယ်တုန်း က မှ နှင်းဆီ ဖူး ကို မခူး ခဲ့ ၊  ပထမ ဆု နဲ့  လွဲ ခဲ့ပေမယ့် ဒုတိယ ဆု မရခဲ့ ၊  အိမ်မက်တွေ နာရီဝက်စာ မက်ရုံ နဲ့   အတိတ်တွေ နာမည် ပျက်ခဲ့ရသည် ။  သက်ပြင်းတစ်ရှိုက်စာ ပိုင်ဆိုင်ခွင့်ပေးပါရန် နတ်သမီးတစ်ပါးအား တိုင်တည်ဖူးကြောင်း မိတ်ဆွေ နဲ့  သူငယ်ချင်းများအား ရေးကြီးခွင်ကျယ်လုပ်ကာ မပြောလိုတော့  ဘယ်လောက်လွမ်းအောင် ဖြုန်းဖြုန်း မျက်ရည် က ကုန်တယ်မရှိဘူး ၊  ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး  ကျွန်တော် အခု  သောက်နေတဲ့ ၀ိုင် က တစ်ခွန်းဆိုင်တဲ့  ဒဏ်ရာဟာ ဗုဒ္ဓဟူး မလေး ကို ရည်ညွှန်းတယ်  ဟုတ်တယ်........ မိတ်ဆွေ....ဟုတ်တယ်  အဲဒီခေါင်းလောင်းသံ က ဗုဒ္ဓဟူးမလေး သာဓု ခေါ် ဖို့  ကျွန်တော့် ရှိုက်သံ.......။။။။။
July Dreamrightwinter 28 July 15:09
'' ဗုဒ္ဓဟူးမလေး သာဓုခေါ်ရန် ''
နေရောင်ခြည်တစ်ချို့  ကိုစွတ်ယူစားသောက်ချင်သည် ။ နားလည်မှုတစ်ချို့  ကို လိပ်စာတပ်မရ ။

ည ။ ဒီကောင်းကင်ဟာ ဘာကြောင့်မည်းမှောင်နေရတာ လဲ ၊ မီးမဖွင့်ထားသော် လည်း သူမ က အထင်အရှား ၊

ပိုင်ရှင်မဲ့သော ဂစ်တာတစ်လက်အတွက် ယနေ့  ကြိုးတပ်ပေးပါ

သံစဉ်အပေါစားတွေအတွက် တခမ်းတနား လက်ခုပ်တီးပေးကြပါ

ကျေးဇူးပြု ပြီး......ခင်ဗျားတို့ နားများ မခတ် ပဲကြည့် ပါ

ခက်ခက်ခဲခဲဟု ထင်ရသော ဘ၀ သည် အလွယ်တကူပြီးဆုံးသွားသည် ။

ခင်ဗျား အိပ်လို က အိပ်နိုင်သည် ၊ အသက် ၀ ၀ ရူ ပါ ၊

'' မိမွန် '' နေကောင်းပါစ

'' ချစ်သောနိုဝင်ဘာမလေးရေ ''

သို့ ..... '' မိတည်ကြည် ''

'' ငါ့ရဲ့  ရင်ဝှက် အံဆွဲလေး ''

'' ဟန်နီ '' ဟာ ကျုပ် ကိုယ်တိုင် ဖြစ်တယ် ''

'' အရင်လိုခေါင်းမာနေတုန်းလား မနှင်းဆီ ''



မဟုတ်ဘူး..... သူတို့ မဟုတ်ကြဘူး ။



ကျွန်တော့် နေ့ စွဲတွေ အကုန်လုံး သူမ ယူသွားတဲ့ အခါ နာရီလက်တံတွေ က သူ့  နာမည်မှာ ပဲ ရပ်လို့  ၊

ဆက်ထုံးတွေ များ လာတဲ့ အခါ ကြိုးဟာ တို သွားတယ် ဆိုပေမယ့် သံသရာ က ဒီလို မဟုတ်ခဲ့ဘူး ၊

မရှိတာ ထက် မသိတာ ခက် တဲ့  ကျွန်တော့် မှာ သိ ပေမယ့် မရှိ ခဲ့ဘူး ၊

တပ်မက်မှု က ဒဏ်ရာမှာ နေသားတကျ ၊ '' ဟလို '' တစ်ချက် နဲ့ လည်း ကမ္ဘာပျက် တယ် ၊

သူ့  အချစ်ဆုံး သူကြီး အကြောင်း ကြားတော့ ကျွန်တော် ဟက်ဟက်ပက်ပက် ကြေကွဲတယ် ၊

ဘယ်တုန်း က မှ နှင်းဆီ ဖူး ကို မခူး ခဲ့ ၊ ပထမ ဆု နဲ့  လွဲ ခဲ့ပေမယ့် ဒုတိယ ဆု မရခဲ့ ၊

အိမ်မက်တွေ နာရီဝက်စာ မက်ရုံ နဲ့  အတိတ်တွေ နာမည် ပျက်ခဲ့ရသည် ။

သက်ပြင်းတစ်ရှိုက်စာ ပိုင်ဆိုင်ခွင့်ပေးပါရန် နတ်သမီးတစ်ပါးအား တိုင်တည်ဖူးကြောင်း မိတ်ဆွေ နဲ့  သူငယ်ချင်းများအား ရေးကြီးခွင်ကျယ်လုပ်ကာ မပြောလိုတော့

ဘယ်လောက်လွမ်းအောင် ဖြုန်းဖြုန်း မျက်ရည် က ကုန်တယ်မရှိဘူး ၊

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ကျွန်တော် အခု သောက်နေတဲ့ ၀ိုင် က တစ်ခွန်းဆိုင်တဲ့

ဒဏ်ရာဟာ ဗုဒ္ဓဟူး မလေး ကို ရည်ညွှန်းတယ်

ဟုတ်တယ်........ မိတ်ဆွေ....ဟုတ်တယ်

အဲဒီခေါင်းလောင်းသံ က ဗုဒ္ဓဟူးမလေး သာဓု ခေါ် ဖို့  ကျွန်တော့် ရှိုက်သံ.......။။။။။


No comments:

Post a Comment