အလွမ်းတောင်စွယ်၌ နေကွယ်ခြင်း
အုံ့မှိုင်းနေတဲ့ကောင်းကင်ကို ငေးကြည့်မိတိုင်း ဆို့နင့်နေတဲ့ ရင်တစ်စုံနဲ့ တစ်ယောက်သောသူကို လွမ်းရတဲ့ ခံစားချက်ကို နင်နားလည်နိုင်ပါ့မလား ချစ်သူ…………
တစ်ခါတရံ အလွမ်းဆိုတာ မပျိုးဘဲနဲ့လည်းပွင့်တတ်တယ်။
အချိန်ရှိတိုင်း တွေးနေမိပေမဲ့ ကြေကွဲမှုတွေ သွန်းဖြိုးခံထားရတဲ့ အပင်တစ်ပင်မှာ ငါ့အလွမ်းတွေ သီးပွင့်စရာနေရာကော ကျန်သေးရဲ့လား
တကယ်ဆိုရင် တိမ်ရှိတိုင်း မိုးရွာတာမှမဟုတ်တာ။
လရောင်ကိုမြင်တိုင်း ရက်မပြည့်ဘဲ ချုပ်ရိုးအဖြည်ခံရတဲ့ ကမ္ဘာဦးယဉ်ကျေးမှုလို ငါ့အလွမ်းတွေ တောင်ပံမပါဘဲ ၀န်ရိုးစွန်းကို ပျံသန်းသွားတယ်။
နင်မေ့လိုက်ပါတော့လို့ မပြောချင်သလို နင်သတိရနေပါလို့လည်း ငါမတောင်းဆိုချင်ဘူး အဆိုးမြင်သမားတစ်ယောက်ရဲ့ မျက်လုံးထဲမှာတော့ လှပမှုအားလုံးဟာ လုပ်ကြံခံထားရတယ်။
ပျံသန်းပါ…………. တောင်ပံတွေနဲ့အလှဆင်ထားတဲ့ နင့်ဘ၀မှာ ငါဆိုတဲ့ကောင်က မုန်တိုင်းသက်သက်ပါ ရင်ခုန်သံနဲ့ထပ်တူ ငါပြောခဲ့တဲ့စကားတွေက်တစ်ချိန်ချိန်မှာ နင်.. မေ့ပျောက်သွားမှာပါ ကျေးဇူးပြုပြီး ငါ့ကို မလွမ်းပါနဲ့တော့ ချစ်သူ….။
(Terry) |
No comments:
Post a Comment