ကြွေပွင့်ကောက်စဉ်က
လေအဝှေ့မှာလ နေသွေ့ကာအညှာလိမ်တဲ့ ပါမှိန်မှိန်ပွင့်လွှာဟောင်းငယ်တို့ ရင့်ညောင်းကာ ဘ၀ကူးသည်ထင့် မူးဝေအောင်ချာချာလည်၍ သည်မြေဆီရွှေရည်ပွင့်ငယ်လို့ ကြွေလွင့်၍နေစဉ်ဝယ် အပင်အောက်တယောက်သည်စာဆိုဖြင့် ရွှင်မချိမြေ့မချမ်းနိုင်ဘု ကြွေပန်းလွှာမြေမှာစီတော့ သီကရီကောက်ယူနှမ်းမိငဲ့ ဪ… အလွမ်းသည်လိုထွေတော့ ပွင့်ဝါကြွေသူလေသိမှာလှ တွေးမိပြန်တယ်။ အကြွေစောသူငယ် နှမြောတွယ်တာတာဖြင့် ဘယ်အခါဘယ်မှာဆုံးနိုင်လိမ့် နှလုံးဘ၀င်ဆူပေါ့ မရွှင်သူနှုတ်ခြွေလွှတ်ပါလို့ အတွတ်တွတ်ဆိုကာရယ် ဖြေဖွယ်ဖြင့်ရှိလိမ့်လား သည်အခိုက်မှာကို ပင်ထက်ငွေရောင်စိုတဲ့ ဖူးငုံပျိုထိုတသင်းတွေက လေညင်းမှာ တကြိုင်ကြိုင်နဲ့ ဘယ်ယိုင်ညာယိုင်ငဲ့ရာမှ "နောင်ရဲ့မငိုပါနှင့် ကြည်ညိုကာနောင်မြတ်နိုးတာဖြင့် ဝေဖြိုးအောင်ရေစင်ဖြာပါ့ ကြွေပွင့်မတွယ်တာနဲ့ ဖူးညာသာထူးစွာပွင့်အောင်လို့ ပင်ဗွေကိုစဉ်အခြေမြှင့်ပါ" တဲ့ ကူချင့်အောင်သူကပြောလေတော့ ပင့်လေမှာပွင့်ကြွေနဲ့မျှောရာက ဖူးဆီကိုဦးလည်လို့စောမိရဲ့ လှသောပင်ယံဗွေက ငုံတံတွေရွှေရည်လျှမ်းမှာဖြင့် စာဆိုမောင်မျှော်ယောင်မှန်းလို့ရယ် လွမ်းခဲ့မိတကား။
ငွေတာရီ |
No comments:
Post a Comment