Friday, 29 July 2011

ဗေဒါလမ်း (၈) - မျောလျက်သာပဲ

created the doc: "ဗေဒါလမ်း (၈) - မျောလျက်သာပဲ"
Harry Lwin created the doc: "ဗေဒါလမ်း (၈) - မျောလျက်သာပဲ"

ဗေဒါလမ်း (၈) - မျောလျက်သာပဲ

လေပြင်းငယ်ပွေ ၊ လေပြေလျင်လဲ။

ချောင်းကျယ်ဘယ်မငြင်း၊ ချောင်းကျဉ်းလျင်လဲ။

နေပူတုန်း ခါ ၊ မိုးရွာလျင်လဲ။

လသာသာ ပျိုအိုကြိုက် ၊ လမိုက်လျင်လဲ။

အဖော်ငယ်စုံ၊ ဖော်မစုံလျင်လဲ။

ပွင့်ဖူးငုံ အကုန်လန်း ၊ နွမ်းနယ်လျက်လဲ။

စုန်ပြန်ရ အဖန်ဖန်၊ ဆန်ပြန်ရ တလဲလဲ။

မဗေဒါ ဒီရေကြောမှာ၊ မျောလျက်သာပဲ။

ဇော်ဂျီ

(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ - ၁၉၅၉)

လေပြင်းပဲတိုက်တိုက်၊ လေပြေညင်းပဲသာသာ၊ ချောင်းကျယ်သည်ဖြစ်စေ ကျဉ်းသည်ဖြစ်စေ၊ နေပူပူ မိုးရွာရွာ၊ လသာသာ လမိုက်မိုက်၊ အဖော် ရှိရှိ မရှိရှိ၊ လန်းဆန်းသည်ဖြစ်စေ ပင်ပန်းနွမ်းနယ်နေသည် ဖြစ်စေ၊ မဗေဒါဟာ ဘဝရဲ့ တေးသွားလင်္ကာကိုလိုက်လို့ကျရာကြုံရာအခြေအနေအားလုံးအပေါ်မှာ မညည်းညူဘဲ တူညီတဲ့ တုန့်ပြန်မှုနဲ့ မတုန်မလှုပ် ရင်ဆိုင်ပြီး သူ့လမ်းအတိုင်း စုန်နေ ဆန်နေရင်း မျောပါနေရမြဲပါပဲ။

ထိနမိဒ္ဓ တရားတွေနဲ့ စောဒကတက် ညည်းညူနေကြမယ့်အစား ဘဝမှာ ကြုံလာသမျှကို မညည်းမညူဘဲ ရဲရဲကြီးရင်ဆိုင်ဖြတ်သန်းမယ့် မဗေဒါလို အားမာန်သတ္တိနဲ့ရင့်ကျက် တည်ငြိမ်မှုမျိုး ကျနော်ရှိဖို့ ကြိုးစားရပါလိမ့်ဦးမယ် ... လို့သာ ခံစားရပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...

ဟယ်ရီ

http://harrylwin.blogspot.com/2008/09/blog-post_1220.html



No comments:

Post a Comment