ဘာဖြစ်သလဲ နာဂစ်
ဘာဖြစ်သလဲ နာဂစ်
ဆန်တွေ ရဟတ်ယာဉ်စီးတယ်။
4.W.D စီးတာ
ငှားခ သိန်းခုနှစ်ဆယ်
ဘိုကလေးက
အင်လျားလမ်းထက် ဈေးကြီးတယ်။ ဘာဖြစ်သလဲ နာဂစ်
ဟော်လံဘီယာတွေ
လခစားတယ်။
ကမ်းရိုးတမ်းဖုန်း
နှစ်ဆယ့်သုံးသိန်းပေါက်တယ်။
ဘာဖြစ်သလဲ နာဂစ်
ဆားချက်တဲ့ ကန်ထဲ
ရေငန်ဝင်တယ်။
လူတစ်ထောင် အလုပ်ရဖို့
လူတစ်သိန်း ရင်းရတယ်။
နဂါးဖြစ်ဖြစ်
ပန်းဖြစ်ဖြစ်
ဘာဖြစ်လဲ နာဂစ်
ဘာမှ မဖြစ်ဘူး
ဘာမှ မလုပ်သေးလို့။
ဇာဂနာ (၂၀၀၈) |
No comments:
Post a Comment