တောင်ပိုင်းဗီယက်နမ်နိုင်ငံသား Associated Press photographer Nick Út ရဲ့  Pulitzer Prize
ဆုရရှိသွားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။
၁၉၇၂ June ၈ နေ့ မှာ အမေရိကန်ကျောထောက်နောက်ခံ တောင်ပိုင်းဗီယက်နမ်တပ်များက မြောက်ပိုင်းဗီယက်နမ်ကွန်မြူနစ်တပ်များ သိမ်းပိုက်ထားသော ဗီယက်နမ်နိုင်ငံတောင်ပိုင်းရှိ
Trang Bang ကျေးရွာလေးပေါ် အလွန်ပြင်းထန်သော Napalm ဗုံးကြဲတိုက်ခိုက်ရာ၊
ဗုံးဒဏ်ကြောင့် ဗီယက်နမ်ကလေးငယ်များ ရွာနားရှိ လမ်းအတိုင်း အော်ဟစ်ငိုယိုထွက်ပြေးလာတာကို
ရိုက်ကူးထားသော ဓါတ်ပုံဖြစ်ပါတယ်။
ဓါတ်ပုံရဲ့ အလယ်မှာ အ၀တ်အစားမပါပဲ ထွက်ပြေးလာတဲ့ မိန်းကလေးကအသက် ၉ နှစ်အရွယ် Kim Phuc ဖြစ်ပြီး၊ ဒီဗုံးကျဲတိုက်ခိုက်မူမှာ သူရဲ့  အကိုဝမ်းကွဲနှစ်ယောက်ဟာ သေဆုံးသွားခဲ့ရတယ်။
Naphthenic နဲ့ Palmitic acids တွေပါဝင်ပြီး၊ မီးတောက်များနှင့် အလွန်ပြင်းထန်တဲ့ Napalm ဗုံးဒဏ်ကြောင့်၊ထွက်ပြေးလာတဲ့ ကလေးငယ် Kim Phuc ကို နောင်နှစ်ပေါင်းများစွာကြာပြီးနောက်၊ အင်တာဗျူးတစ်ခု၌ တွေ့ ဆုံမေးမြန်းခဲ့ရာ........................
"ကျွန်မ ဘယ်လိုမှ မမေ့နိုင်ပါဘူး။ အရမ်းပူတယ်၊ အရမ်းပူတယ် လို့  ငိုယိုအော်ဟစ်ပြီး ပြေးနေမိတယ်"
လို့ ပြောပြပါတယ်။
ဓါတ်ပုံရိုက်ကူးသူ Nick Út က Kim Phuc နဲ့ တခြားကလေးများကို Saigon မှာရှိတဲ့ ဆေးရုံ
သို့ပို့ ပေးခဲ့ပါတယ်။ဆေးရုံက ဆရာဝန်တွေဟာ Kim Phuc ရဲ့ မီးလောင်မူဒဏ်ရာတွေကြောင့်အသက်မရှင်နိုင်ဘူးလို့  တွေးထင်ခဲ့ကြပါတယ်။ခွဲစိတ်ကုသမူ ၁၇ ကြိမ်လုပ်ဆောင်ခဲ့ရပြီး ၊ နောက်ဆုံးမှာတော့ သူဟာ အိမ်ကိုပြန်နိုင်ခဲ့ပါတယ်။
သူရဲ့ အိမ်နဲ့ ပစ္စည်းတွေအားလုံးဟာ ဆုံးရုံးသွားခဲ့ပါပြီ။
တခြားကလေးများနှင့်အတူ Kim Phu ရဲ့ အ၀တ်အစားမပါပဲ အသံကုန်အော်ဟစ် ငိုယိုပြေးထွက်နေတဲ့ 
ခံစားမူနှင့်မီးခိုးငွေ့ များ မြူဆိုင်းနေသော နောက်ခံ ပုံရိပ်တို့ ဟာ ကမ္ဘာပေါ်ရှိ စစ်ပွဲများ၏ အနိဌာရုံမြေဇာပင်များကို မမေ့နိုင်စေသော ပြယုဂ်ဓါတ်ပုံအဖြစ်၊ ကမ္ဘာမှာအကျော်ကြားဆုံးဓါတ်ပုံ တစ်ပုံဖြစ်လာပါတယ်။
မှတ်ချက်=
http://www.facebook.com/l/uAQAz2xHbAQBbBmqwf_gZLRGCrau7wBTGmhcDrqYnJeGXOg/www.anormarpoem.co.cc/search/label/%25E1%2580%2584%25E1%2580%25AB%25E1%2580%25B8%25E1%2580%259E%25E1%2580%25AF%25E1%2580%25B6%25E1%2580%25B8%25E1%2580%25BB%25E1%2580%2595%25E1%2580%2581%25E1%2580%2594%25E1%2580%25B9%25E1%2580%25B8 ဆိုဒ်မှကူးထားပါသည်
No comments:
Post a Comment