Friday, 29 July 2011

''' မိမွန် ၀တ္ထုတို '''

created the doc: "''' မိမွန် ၀တ္ထုတို '''"
July Dreamrightwinter created the doc: "''' မိမွန် ၀တ္ထုတို '''"

ဒီဝတ္ထုမှာအဓိ က ဇာတ်ဆောင်က ''မိမွန်'' ၊ အသက် က ၂၆ နှစ် စွန်းစွန်း ၊ ဆံပင်ကောက်တဲ့ကောင်မလေးတစ်ယောက် ၊ နှုတ်ခမ်းထူတယ် ၊ မေးစေ့အောက်နားမှာ မှဲ့ လေးရှိတယ် ၊ စိတ်ဆိုးစိတ်ကောက်လွယ်တာ ကလွဲရင် သာမန်မိန်းကလေးတစ်ယောက်ပါပဲ ။တစ်ည...... ကျွန်တော် ဆို တဲ့ ဇာတ်ဆောင် နဲ့  ဖုန်းပြောကြတော့.... လမင်းက ပွင့် ဖို့  တိမ်တွေ ကြားမှာအားယူနေတုန်းဖြစ်သည်။ ကြယ်တစ်ချို့  ၏ သီချင်းဆိုသံကြားနေရ၏ ။'' ဟလို '' '' အင်း..... မိမွန် ပြောလေ ''ထို သို့ ဆို ပြီးသော အခါ သူ မ ငိုသည် ။ '' ငါ နင့် ကို ပြောစရာရှိတယ် ဒါပေမယ့် နင် စိတ်ဆိုးမှာ လည်းကြောက်တယ် '' မျက်ရည်စက်လက်နဲ့ ပြော ၏ ။ '' ပြောမှာ သာပြောပါ ဒါမှ နင့် စိတ်ထဲ ပေါ့ သွားမှာ ဘာပဲ ဖြစ်ဖြစ် ငါ နားလည်ပေးနိုင်ပါတယ် '''' ငါ့မှာ နင့် ထပ် ပို ချစ် ရတဲ့ သူရှိတယ်.....သူ့ ကို နင့် ထပ်ပို ချစ်တယ်.....အခု..... အခု.. သူနဲ့  အဆင်မပြေဘူးဟာ.... '' '' .......................... ........... ........''ထို အခါ မှာ မျက် ရည် ကျသူမှာ ကျွန်တော် ဖြစ်သွားသည် ။

ပြီးပါပြီ

တစ်ဖက်ဖုန်းမှ''ဟလို ''ဆိုသော အသံ ၊မျက်ရည်ထဲ မျော နေတဲ့ ဖုန်းခွက် ၊ လမင်း ကြွေကျ သံ ၊ ကြယ်တွေ ရဲ့  သီချင်းသံ တိတ်ဆိတ် ၊ ပြည်ဖုံးကားပိတ် ။

ဒါပါပဲ.....။ အဲဒီ အဖြစ် အပျက်လေး က '' ၀တ္ထု တို '' ပါပဲ ။ ဖြည့် ရေးစရာတွေ ရှိ ကောင်းရှိ နိုင် မည် ၊ ဇာတ်ခင်း ၊ ဇာတ်တက် ၊ ဇာတ်ထွတ် ၊ ဇာတ် အဖြေ တို့  မပါ ၊ ၀တ္ထု တို ဆို ရင် ဒီ လို ရေးရမည်ဟု ရှိ ကောင်းရှိ လိမ့်မည် ၊ အဲဒီလိုရေးလျှင်တော့ ဖတ်ကောင်းနိုင် သည် ၊ ဖတ်ကောင်းလျှင်တော့ ရောင်းကောင်းမည်ပေါ့ ၊ ကြေကွဲ သွားတာ တွေ ၊ ပေါက်ကွဲသွားတာ တွေ ၊ ဘ၀ ပျက်သွားတာ တွေ ၊ ဥသြ တွန်လို့  သစ်ရွက်ကြွေသွားတာ တွေ ၊ တစ်ခုမှ မပါ ။ သို့ ပေမယ့်.....ဒါကို ၀တ္ထုတို ဟု ကျွန်တော် ဆို ပါမည် ။ အသင် ဖတ်ရူ ပြီး ဖြစ်ပါ က ကျွန်ုပ် မတတ်နိုင်ပါ....။။။။။။

ငဂျူလိုင်



No comments:

Post a Comment