♥နှလုံးသား၏ ကျမ်းစာ ♥ သတိ အန္တရာယ် ရှိသည် x တား မြစ် နယ်မြေ
♥နှလုံးသား၏ ကျမ်းစာ ♥
သူ့ဖက်နဲ့ငါ့ဖက် သူ့နေရာနဲ့င့ါနေရာ စည်းခြားထား တားမြစ်ကန့်သတ်နယ်မြေ စည်းတားထား မင်းနဲ့ငါက ဝေးကွာခြား မဆုံနိုင်တဲ့ဒီ ဘ၀မှာ မယုံနိုင်တဲ့ အပြောတွေထဲ ရေခဲမြစ်လို အရေပျော်ဆဲ ဒီကမ္ဘာ ကြီး တစ်ခုထဲမှာ မိုင်ထောင်ချီကာ ဝေးကွာဆဲ သိမှု့နဲ့မသိမှု့နယ်ပါယ်ထဲ မင်းလက်ကိုဆွဲ လမ်းလျှောက်ဆဲ စိတ်နယ်လွန်ကာ ရောက်နေမြဲ နှလုံးသား၏ တောင်းဆိုမှု့ ချစ်ခြင်းမွတ်သိပ် ဖေးမတွဲကူ စိတ်ကူးလေးနဲ့ ထူပေးချင်တယ် ချိုသာပျော့ပြောင်း ဖော့ဖယောင်းလိုနှစ်သိမ့်မှု့ပေး
မင်းရဲ့ရှေ့မှောက် ဒူးထောက် ခစား မင်း စိတ်ကူးထဲ ငါရှိချင်တယ် ချစ်သူရယ်
မင်းလွမ်းနေတာ ငါဖြစ်ချင်တယ်ချစ်သူရယ် မင်းလိုအပ်တာ ငါ ဖြစ်ချင်တယ်ချစ်သူရယ်.. တားမြစ်တဲ့ကြား ငါ့စိတ်ရောက်သွား စိတ်ကူးလေးထဲ မင်းနှလုံးသားမှာ စာကပ်ထားတယ် သတိ အန္တရာယ် ရှိသည်...........(မင်းကိုချစ်ရင်) ({[ ♥♥နှလုံးသား၏♥♥ တား မြစ် နယ်မြေ ]}) မည်သူမျှဝင်ခွင့်မပြုပါ။
(ရင်မင်းခိုင်) |
No comments:
Post a Comment