မသူတော် ဟယ်ရီ စကားပုံများ
မြန်လယ်တလည်၊ ဉာဏ်ကြွယ်စီသည်၊ ဟယ်ရီကျွန်ုပ်၊ နားမရှိဗလာ၊ နားမခံသာအောင်၊ လင်္ကာစုတ်ဖြင့်၊ အာပုတ်ငိုပြ၊ စကားပုံမဟုတ်၊ တမျိုးထုတ်ပြီးလျှင်၊ အချုပ်ကို ရောက်အောင်ပို့ခဲ့မည်။
၁။ တွေးမိတွေးရာ ရေးမိရေးရာ မရေးပါနှင့်၊ ကြွေးရှိမပေးသာ ပြေးမိပြေးရာ မပြေးပါနှင့်။
...တွေးမိတွေးရာ ရေးမိရေးရာ ရေးက အမြဲတမ်းကြံဆရမည်။ ကြွေးရှိမပေးသာ ပြေးမိပြေးရာပြေးက ရဲအဖမ်းခံကြရမည်။
၂။ ဗေဒါရီလိုလည်း ရေမခပ်နှင့်၊ မေဓာဝီလိုလည်း မနေအပ်သင့်။
ဗေဒါရီလို ရေခပ်က တကိုယ်တည်း နေကုန် ညစ်လိမ့်မည်။ မေဓာဝီလို နေတတ်က အပျိုကြီးတွေအကုန် ဖြစ်လိမ့်မည်။
၃။ ဒေဝါလီလည်း မခံနှင့်၊ မေဓာဝီလည်း မကြံနှင့်။
ဒေဝါလီခံက မွဲနစ်၍ လူဖြစ်ရှုံးတတ်သည်။ မေဓာဝီကြံက အမြဲမချစ်၍ သူပစ်မုန်းတတ်သည်။
၎။ သေရွာဆီကိုလည်း မသွားချင်နှင့်၊ မေဓာဝီလိုလည်း စကားမထွင်သင့်။
သေရွာဆီကိုသွားချင်က နတ်ရွာမရောက်လျှင် ခက်လိမ့်မည်။ မေဓာဝီလိုစကားထွင်က ပြဿနာပေါက် အစဉ် တက်လိမ့်မည်။
၅။ ရပ်လို့မနေ သွားရင်းသေမည် အမှန်တရားဆီ ရဲရဲချီ (ဆရာလေး မေဓာဝီ)
ငတ်လို့မနေ စားရင်းသေမည် ပန်းကန်ပြားဆီ ရဲရဲချီ (မသူတော် ဟယ်ရီ)
သံသရာလောက၊ နှစ်ဝအကျိုး၊ ဆိုးများစေမည်၊ ကြံရွယ်ရည်လျက်၊ ဟယ်ရီမည်ခေါ်၊ ငါမသူတော်လျှင်၊ နာအော်ဖွယ်ရာ၊ ကုန်းတိုက်စာကို၊ ဒါယိကာ ဒါယိကာမ၊ မှတ်သားကြ၍၊ နေ့ ည လေ့ကျက်ကုန်ကြလော့။
***
မသူတော်ဟယ်ရီ စကားပုံ ပြီး၏။
http://www.facebook.com/l/eAQBmGNncAQDTj3w9mO1qtViYZaj2KgO3R2it0ESkKEFNrw/maydar-wii.blogspot.com/2010/09/blog-post_1451.html
No comments:
Post a Comment