တော်လှန်ရေး စာဆိုကြီး
ဆင်းရဲတော့ ကရုဏာ
ချမ်းသာတော့ ပီတိ။
အဖိုးအို မသေသေးခင်က
ကိုယ့်သွေးတွေ ကောင်းစေသောဟု
ဟောခဲ့ပေ၏။
ညီညွတ်တော့ စိတ်ကြည်
မညီတော့ စိတ်မော။
အဖိုးအို မသေသေးခင်က
တောင်ဝှေးကို အဖော်ပြုပါလို့
သွေးစည်းမှုဟော။
လိမ်မာတော့ အားမာန်
မိုက်ပြန်တော့ သနား။
အဖိုးအို မသေသေးခင်က
ငြိမ်းအေးကာ မနေဆိတ်ရှာဘု
စိတ်ကြောင့်ကြများ။
ကိုယ့်တိုင်းပြည် ကျွန်ဖြစ်တော့
တဆစ်မှ ငုံ့မခံ
တော်လှန်တဲ့ တို့အဖိုး။
ကိုယ့်ရာဇ၀င် အဖြစ်ရှုံးတော့
လုံးလုံးမှ ငုံ့မခံ
တော်လှန်တဲ့ တို့အဖိုး။
မြန်မာ့သွေးပေပ
နှုတ်ခမ်းမွေးတတောင်ကျော်နဲ့
ကလောင်မော် စိန်တချောင်းရယ်နဲ့
သောင်းမြန်မာ နယ်တရိုး
ဒေါင်းလံလွှင့်ထိုး။
တင်မိုး |
No comments:
Post a Comment