Wednesday, 27 July 2011

လှိုင်းကလေး - သင်

လှိုင်းကလေး - သင်  -ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီက သည်ကမ်းယံ စေတီဦးဆီသို့  ဖူးမြော်ရန် ရောက်လာရင်းပေလာ့ ဘော အိုအချင်း လှိုင်းကလေး...သင်။  -ကမ်းရောက်ပြန်တော့ တဖြောက် မြည်သံကျူ၍ နဂိုမူ စွန့် ကာပစ်ပါလို့  မူသစ် တဆင်ခြယ်၍ ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီသို့  မြန်းကြွမည့်သွင် ။  ဘယ်ဒေသဆီက သင်ကြွကာ သည်ကိုလာ၍ ဘယ်နေရာ ဘယ်ဆိပ်ကမ်းဆီသို့  မြန်းမယ်လို့  သင်ဟန်ပြင် ကြံချင်ဘူ့  သည်အရေး ။  သို့ ကတဲ့ စိတ်ထဲ ငါဆင်ခြင်ခဲ့ သင်လာစဉ် ပင်လယ်လမ်းမှာဖြင့် မုန်တိုင်းလေ လှိုင်းရေ ကြမ်းသော်ကြောင့် ပန်းခဲ့သူ စင်ရော်ငှက်ကိုလ ကျောထက်ဝယ် ဆောင်ယူသယ်၍ ဖောင်သဖွယ် သင် ကူမတယ်လို့  တွေးဆကာ သည်အလွမ်းရယ်နဲ့  ၀မ်းမြောက်တယ်လေး ။ ။  ဇော်ဂျီ (၁၉၃၁)
Ka Yin Lay 27 July 22:50
လှိုင်းကလေး - သင်

-ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီက
သည်ကမ်းယံ စေတီဦးဆီသို့ 
ဖူးမြော်ရန် ရောက်လာရင်းပေလာ့
ဘော အိုအချင်း လှိုင်းကလေး...သင်။

-ကမ်းရောက်ပြန်တော့
တဖြောက် မြည်သံကျူ၍
နဂိုမူ စွန့် ကာပစ်ပါလို့ 
မူသစ် တဆင်ခြယ်၍
ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီသို့ 
မြန်းကြွမည့်သွင် ။

ဘယ်ဒေသဆီက
သင်ကြွကာ သည်ကိုလာ၍
ဘယ်နေရာ ဘယ်ဆိပ်ကမ်းဆီသို့ 
မြန်းမယ်လို့  သင်ဟန်ပြင်
ကြံချင်ဘူ့  သည်အရေး ။

သို့ ကတဲ့
စိတ်ထဲ ငါဆင်ခြင်ခဲ့
သင်လာစဉ် ပင်လယ်လမ်းမှာဖြင့်
မုန်တိုင်းလေ လှိုင်းရေ ကြမ်းသော်ကြောင့်
ပန်းခဲ့သူ စင်ရော်ငှက်ကိုလ
ကျောထက်ဝယ် ဆောင်ယူသယ်၍
ဖောင်သဖွယ် သင် ကူမတယ်လို့ 
တွေးဆကာ သည်အလွမ်းရယ်နဲ့ 
ဝမ်းမြောက်တယ်လေး ။ ။

ဇော်ဂျီ (၁၉၃၁)


No comments:

Post a Comment