Tuesday, 26 July 2011

ကျွန်တော့်ချစ်သူ

ကျွန်တော့်ချစ်သူ  မှုံနံသာ   ပါးကွက်ကြားနှင့် ယဉ်ယဉ်လေးနဲ့  ချောတဲ့သူ.........  ပဒုမ္မာ  ဖိနပ်ပါးနှင့် မြန်မာမလေးမို့   လှတဲ့သူ.........  သေသေချာနေကြာစေ့ လေးတွေကိုလည်း အခွံခွါကြွေးမှ  စားတဲ့သူ........  ယုံစရာတီတာစကားနဲ့  မကြင်နာလေးများပြောတတ်သူ..........  မပီကလာ ၀င်္ကစကားနဲ့  ရီစရာများလည်းပြောတတ်သူ...........  လူကွယ်ရာအကြင်နာပေးလည်း ဒီတခါပဲလို့  ခွင့်လွှတ်သူ.........  သူတကာစေတနာထားလို့  သဒ္ဒါတရားလည်းရှိတဲ့သူ..........  လူတကာလျှာလည်သွာဖို့  ဖွယ်ရာလေးလည်း ချက်တတ်သူ.........  ရေကာတာ ကန်ကသင်းလို ဘဏ္ဍာရေးလည်းနှံစပ်သူ...........  မမြင်ကြာနေကွာဝေးတော့ ဝေဒနာများလည်းပေးတတ်သူ.........  သူ့ အကြောင်း ပြန်ကာတွေးရင်ဖြင့် ရင်မှာနွေးပြီးအေးတဲ့သူ........  တကယ်ဆို ကျွန်တော်ကလည်း ဘာသာတွေးပြီး ရူးတဲ့သူ.......... ဘယ်တော့များလည်းစောင့်မဲ့သူ..........    ခက်စစ် ဘာသာ=ကိုယ့်ဘာသာ
Ye Naung Soe 26 July 22:58
ကျွန်တော့်ချစ်သူ

မှုံနံသာ ပါးကွက်ကြားနှင့်
ယဉ်ယဉ်လေးနဲ့  ချောတဲ့သူ.........

ပဒုမ္မာ ဖိနပ်ပါးနှင့်
မြန်မာမလေးမို့  လှတဲ့သူ.........

သေသေချာနေကြာစေ့ လေးတွေကိုလည်း
အခွံခွါကြွေးမှ စားတဲ့သူ........

ယုံစရာတီတာစကားနဲ့ 
မကြင်နာလေးများပြောတတ်သူ..........

မပီကလာ ၀င်္ကစကားနဲ့ 
ရီစရာများလည်းပြောတတ်သူ...........

လူကွယ်ရာအကြင်နာပေးလည်း
ဒီတခါပဲလို့  ခွင့်လွှတ်သူ.........

သူတကာစေတနာထားလို့ 
သဒ္ဒါတရားလည်းရှိတဲ့သူ..........

လူတကာလျှာလည်သွာဖို့ 
ဖွယ်ရာလေးလည်း ချက်တတ်သူ.........

ရေကာတာ ကန်ကသင်းလို
ဘဏ္ဍာရေးလည်းနှံစပ်သူ...........

မမြင်ကြာနေကွာဝေးတော့
ဝေဒနာများလည်းပေးတတ်သူ.........

သူ့ အကြောင်း ပြန်ကာတွေးရင်ဖြင့်
ရင်မှာနွေးပြီးအေးတဲ့သူ........

တကယ်ဆို ကျွန်တော်ကလည်း
ဘာသာတွေးပြီး ရူးတဲ့သူ..........
ဘယ်တော့များလည်းစောင့်မဲ့သူ..........

ခက်စစ်
ဘာသာ=ကိုယ့်ဘာသာ


No comments:

Post a Comment