(၁) ထောင့်တိုင်းစပ်ရှည်။
(၂) မြစ်ခပေါင်း၊
ပေါင်းလောင်းလက်ယာကွေ့၊
နန်းမြေ့စံတည်။
(၃) ပုပ်ပဲကဝိုက်လည်၊
မြောက်ဆီက ဆွာဖုံး။
(၄) ကြက်ညွှန်းနောင်ညီတို့၊
တရထည် မြရည်ဆို့၊
လွမ်းဘို့မဆုံး။ ။
ဒီလေးဆစ်တိုကလေးကို သက္ကရာဇ် ၉၀၀-ကျော်မှာ မင်းဖြစ်တဲ့ ရတုဘုရင် နတ်သျှင်နောင်-ဆို လေးဆစ်လို့ ပုဂံဝန်ထောက်မင်း ဦးတင်က ကဗျာဗန္ဓသာရကျမ်း ၅၀၅-မှာ မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဒီမှတ်တမ်းအရဆိုရင် နတ်သျှင်နောင်ဟာ ရတုတွေကို သာမက လေးဆစ်ချိုးကဗျာကိုပါ မျိုးစေ့ချပေးသွားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တောင်ငူဘုရင် နတ်သျှင်နောင်ရဲ့ မြန်မာ ကဗျာအပေါ် ပြုခဲ့တဲ့ကျေးဇူးဟာ အလွန်ပဲ ကြီးမားလှတယ်လို့ ဆိုနိုင်ပါတယ်။
သူ့ကို အမျိုးသားသစ္စာဖောက်အဖြစ် တံဆိပ်အကပ်ခံရတာဟာ အလွန်ပဲ နစ်နာလှပါတယ် ... ဒါကို ကျနော် ကတော့ လုံးဝ လက်မခံနိုင်ပါဘူး ... သူဘာကြောင့်ဒီလိုလုပ်ရသလဲ ... ငဇင်ကာနဲ့ ပေါင်းရုံနဲ့ အမျိုးသား သစ္စာဖောက် ဖြစ်ရရောတဲ့လား ... သူ့ဘဝဇာတ်ကြောင်း၊ ခံစားချက်၊ အစစအရာရာကို ထည့်သွင်း သုံးသပ်သင့်ပါတယ် ... လိုအပ်ရင် အကျယ်တဝံ့ ဆွေးနွေးပါ့မယ် ...
ဟယ်ရီ
No comments:
Post a Comment