Saturday, 16 July 2011

ခေတ်သစ်အိုင်တီမေတ္တာပွားနည်း

ခေတ်သစ်အိုင်တီမေတ္တာပွားနည်း                           ဒို့ပြည်မြန်မာ အိမ်တကာ ကွန်ပျူတာ ရှိပါစေ......                        မရှိသူများ ဆိုင်ကိုသွား တော်ကီ (talking) ပွားနိုင်စေ...                               ပီစီ (PC) တစ်လုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ....                        ပီစီ (PC) ၏ ရန် ဗိုင်းရပ်(စ်)ဒါဏ် တွန်းလှန်နိုင်ပါစေ.....
Khaungkyawchannyein Khaunglay 16 July 16:19
ခေတ်သစ်အိုင်တီမေတ္တာပွားနည်း

ဒို့ပြည်မြန်မာ အိမ်တကာ ကွန်ပျူတာ ရှိပါစေ......



မရှိသူများ ဆိုင်ကိုသွား တော်ကီ (talking) ပွားနိုင်စေ...





ပီစီ (PC) တစ်လုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ....



ပီစီ (PC) ၏ ရန် ဗိုင်းရပ်(စ်)ဒါဏ် တွန်းလှန်နိုင်ပါစေ.....





" အွန်လိုင်း" တက်လာ.... များသူငါ.... "ကြူ" နိုင်ကြပါစေ.....



" ကြူ သူ"တိုင်းဟာ......အမြဲသာ.....ရင်မှာရှိပါစေ။





"chatting" ထိုင်စဉ် ပြုံးပျော်ရွှင် အဆင်ပြေပါစေ....



"ချက်ချိန်"တိုင်းတွင် အမြဲပင် "ကွန်နက်ရှင်" (connection) ကောင်းပါစေ။





" ဘလော့ဂ် " ရောက်လာ.....မိတ်သဟာ.....ကျန်းမာကြပါစေ...



စပ်မိစပ်ရာ ဗလချာ ....ဘာညာထည်လဲ ရေးနိုင်စေ....





" ဘလော့ဂ်ဂါ "အချင်းချင်း ရန်စောင်ခြင်း လွတ်ကင်းကြပါစေ.....



" ချိန်း၊ချက် " ရန်ရှာ....ပြဿနာ...ရှောင်နိုင်ကြပါစေ...။





ခြိမ်းခြောက်လိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ....



ကိုယ့်ထက်သာသူ...ကိုယ့်အောက်လူ ကူညီနိုင်ပါစေ...





ဒို့ မေတ္တာစွမ်း နှစ်ခါနမ်း... (အာ...ရောကုန်ပီ sorry) ကမ္ဘာလွှမ်း အေးချမ်းကြပါစေ....။



မေတ္တာရေချမ်း....ကိုယ်စီဖြန်း..... အရမ်းလန်းပါစေ...


No comments:

Post a Comment