Friday, 15 July 2011

ဂျိမ်းစ်လှကျော်

ဂျိမ်းစ်လှကျော်   မြန်မာ စာပေလောကတွင် ဂျိမ်းစ်လှကျော် ကို ပထမဆုံးကာလပေါ်ဝတ္ထုရေးသူအဖြစ် အသိအမှတ်ပြုကြသည်။ ဂျိမ်းစ်လှကျော်၏ မောင်ရင်မောင် မမယ်မ ဝတ္ထုမှာ ပြင်သစ်စာရေး ဆရာကြီး အလက်ဇန်းဒါးဒူးမား (Alexander Dumas) ၏ The Count of Monte Christo ဝတ္ထုကို မှီငြမ်းရေးသားခဲ့သော်လည်း မြန်မာမှုပြုရာတွင် လက်ရာမြောက်လှ သဖြင့် မြန်မာ စာဖတ်ပရိတ်သတ်တို့ အလွန်နှစ်သက်ကြ၏။    ဂျိမ်းစ်လှကျော် ဖြစ်လာမည့် မောင်လှကျော်ကို (၂၁) ဇွန်လ (၁၈၆၆)ခုနှစ် တွင် ဦးစွပ်၊ ဒေါ်ဆိုင်းတို့က ရွှေကျင်မြို့၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ သူ ငယ်စဉ်ကပင် ကွယ်လွန်သွားရာ အဒေါ်ဖြစ်သူ ဒေါ်မျှင် နှင့် ခင်ပွန်းသည် စစ်ကဲကြီး ဦးညိုတို့၏ အစောင့်အရှောက်ဖြင့် ကြီးပြင်းလာခဲ့ရသည်။   စစ်ကဲကြီး ဦးညိုသည် ခရစ်ယာန်ဘာသာဝင်တစ်ဥိးဖြစ်သည်။ မောင်လှကျော်အား ဂျိမ်းစ်လှကျော် အမည်ဖြင့် နှစ်ခြင်း မင်္ဂလာပြုပေးခဲ့သည်။ ဂျိမ်းစ်လှကျော် သည် ရန်ကုန်ဟိုက်စကူး ကျောင်း၌ ဘင်္ဂလားစာမေးပွဲအောင်မြင့်ခဲ့သည်။  မောင်ရင်မောင် မမယ်မ ဝတ္ထုဖြင့် နာမည်ကြီးလှသော ဂျိမ်းစ်လှကျော်သည် ယင်းဝတ္ထုထက် ၁ဝ နှစ်ထက်စော၍ ၁၈၉၄ ခုနှစ်ကပင် ဥပဒေစာအုပ်ဖြစ်သော ဖြတ်ထုံးကြီးပြန်ချက် စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထို့ပြင် ၁၉၁၂ ခုနှစ်တွင် ..
Ba Tharchaw 16 July 13:00
ဂျိမ်းစ်လှကျော်

မြန်မာ စာပေလောကတွင် ဂျိမ်းစ်လှကျော် ကို ပထမဆုံးကာလပေါ်ဝတ္ထုရေးသူအဖြစ် အသိအမှတ်ပြုကြသည်။ ဂျိမ်းစ်လှကျော်၏ မောင်ရင်မောင် မမယ်မ ဝတ္ထုမှာ ပြင်သစ်စာရေး ဆရာကြီး အလက်ဇန်းဒါးဒူးမား (Alexander Dumas) ၏ The Count of Monte Christo ဝတ္ထုကို မှီငြမ်းရေးသားခဲ့သော်လည်း မြန်မာမှုပြုရာတွင် လက်ရာမြောက်လှ သဖြင့် မြန်မာ စာဖတ်ပရိတ်သတ်တို့ အလွန်နှစ်သက်ကြ၏။


ဂျိမ်းစ်လှကျော် ဖြစ်လာမည့် မောင်လှကျော်ကို (၂၁) ဇွန်လ (၁၈၆၆)ခုနှစ် တွင် ဦးစွပ်၊ ဒေါ်ဆိုင်းတို့က ရွှေကျင်မြို့၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ သူ ငယ်စဉ်ကပင် ကွယ်လွန်သွားရာ အဒေါ်ဖြစ်သူ ဒေါ်မျှင် နှင့် ခင်ပွန်းသည် စစ်ကဲကြီး ဦးညိုတို့၏ အစောင့်အရှောက်ဖြင့် ကြီးပြင်းလာခဲ့ရသည်။

စစ်ကဲကြီး ဦးညိုသည် ခရစ်ယာန်ဘာသာဝင်တစ်ဥိးဖြစ်သည်။ မောင်လှကျော်အား ဂျိမ်းစ်လှကျော် အမည်ဖြင့် နှစ်ခြင်း မင်္ဂလာပြုပေးခဲ့သည်။ ဂျိမ်းစ်လှကျော် သည် ရန်ကုန်ဟိုက်စကူး ကျောင်း၌ ဘင်္ဂလားစာမေးပွဲအောင်မြင့်ခဲ့သည်။

မောင်ရင်မောင် မမယ်မ ဝတ္ထုဖြင့် နာမည်ကြီးလှသော ဂျိမ်းစ်လှကျော်သည် ယင်းဝတ္ထုထက် ၁ဝ နှစ်ထက်စော၍ ၁၈၉၄ ခုနှစ်ကပင် ဥပဒေစာအုပ်ဖြစ်သော ဖြတ်ထုံးကြီးပြန်ချက် စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထို့ပြင် ၁၉၁၂ ခုနှစ်တွင် .. "ရှေ့နေလိုက်လဲမှု နျူပဒေသကျမ်း" စာအုပ်ကိုလည်းရေးခဲ့သည်။ အင်မတန်နာမည်ကြီးသော "မြန်မာ ကာလပေါ် ဝတ္ထုကို စတင်သူ ဂျိမ်းစ်လှကျော်" ပင်ဖြစ်ပါသည်။


ဗုဒ္ဓဘာသာသို့ကူးပြောင်းခြင်း

ဂျိမ်းစ်လှကျော် သည် ရွှေဘိုတွင် နေထိုင်စဉ်က မြို့ရိုးနံဘေးသို့ လမ်းလျှောက်လေ့ရှိ၏ ။ တစ်နေ့တွင်မြို့ရိုးစနေထောင့်၌ ဘုရားပျက်တစ်ဆူ ချုံနွယ်များ ဖုံးလွှမ်းနေသည်ကို တွေ့မြင်ရ၍ ရှင်းလင်းခုတ်ထွင်ခဲ့သည်။ ထိုသို့ ရှင်းလင်းစဉ် "အောင်ဇေယျဇနီးမောင်နှံကောင်းမှု" ကမ္ဗည်းကျောက်ပြားကို တွေ့ရှိခဲ့ရာ အလောင်းမင်းတရားကြီး၏ ကုသိုလ်တော်ဟု ယူဆခဲ့သည်။

ဂျိမ်းစ်လှကျော် သည် ငယ်စဉ်ကာလ မိဘများကွယ်လွန်စဉ်ကပင် ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ရာ .. ၁၉၁၉ ခုနှစ်၌ မြသိန်းတန်ဘုရားခေါ် ယင်းစေတီပျက်အား ပြုပြင်မွမ်းမံပေးခဲ့ရာမှ မွန်မြတ်လှသော ဗုဒ္ဓဘာသာ အဖြစ်ကူးပြောင်းခံယူခဲ့ပါသည်။

သူက " ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်း" အမည်ဖြင့် စာအုပ်ကိုပင် ရေးသားထုတ်ဝေခဲ့ပါသည်။


တစ်သက်တာလုံး ခရစ်ဘာသာဝင်အဖြစ်မှ ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်လာသော "မြန်မာ ကာလပေါ် ဝတ္ထုကို စတင်သူ ဂျိမ်းစ်လှကျော်" သည် ၁၇ ရက်နေ့ နိုဝင်ဘာလ ၁၉၁၉ ခုနှစ်တွင် အဖျားရောဂါဖြင့် ၊ ကွယ်လွန်အနိစ္စ ရောက်သွားခဲ့ပါသည်။ ထိုစဉ်က အသက်မှာ ၅၃ နှစ်ဖြစ်ပါသည်။

ကျမ်းကိုး

၁။ စာဆိုနှင့် သုတေသီ (တိုက်စိုးနှင့် မင်းသုဝဏ်)

၂။ ပထမမြန်မာများ (မင်းယုဝေ)

၃။ ဂျိမ်းစ်လှကျော်၏ မြေးဒေါ်ခင်ထားဦးနှင့် တွေ့ဆုံးမေးမြန်းချက်မှတ်တမ်း (၁၆. ၂. ၂၀၀၉)

၎။ Weekly Eleven News Journal



Credit to PKZ



Source: http://www.facebook.com/l/5AQAXBN1lAQBTzc-CRYIUexdlOKMFMkal4T2BqdM_iAeyKw/goo.gl/GRCCu

_______________________________________________________________


အဲ့ဒီ အင်္ဂလိပ်ဇာတ်ကား The Count of Monte Christo ကို အွန်လိုင်းပေါ်မှာ တိုက်ရိုက်ကြည့်နိုင်သူများက ဒီမှာ သွားကြည့်နိုင်ပါတယ်.။

တိုက်ရိုက်ကြည့်ဖို့ အဆင်မပြေတဲ့သူတွေက ဒေါင်းပြီးကြည့်ချင်ရင် အောက်က လင့်ခ်တွေမှာ ဒေါင်းပြီး ကြည့်နိုင်ပါတယ်။


PART 1 > > > > > http://www.facebook.com/l/9AQAui_3OAQB6EaeiKAFgkHdX6QrkydkOEAoGpyhnqWMvWQ/goo.gl/w7d0P


PART 2 > > > > > > http://www.facebook.com/l/lAQBP0hjCAQBWnkG5L2YHe7nytl6JDcwy7Dn8RfIjZR-Z2Q/goo.gl/Um4DD


PART 2 > > > > > > http://www.facebook.com/l/ZAQAUji7rAQBuYMeRTF40PrAn9Vf7uEN1SIoEy1j8YXBERA/goo.gl/zovFY


No comments:

Post a Comment