အခန်းထဲကပြဇာတ်
ပျော်ရွှင်ခြင်းတွေရင်မှာပိုက်ပြီး သံသရာဒီတစ်ဝိုက်မှာ မင်းနဲ့အခိုက်အတန့်တော့ ပြန်ဆုံချင်သေးတယ်.. မပြောဖြစ်ခဲ့တဲ့စကားတစ်ချို့ မရှင်းဖြစ်ခဲ့တဲ့ပုစ္ဆာဟောင်းတွေ မင်းနဲ့ငါ့အတွက် အဖြေဆိုတာလိုသေးတယ်လေ.. ခွဲခွာခြင်းမှာရပ်တန့်ပေမယ့် မပြတ်နိုင်သေးတဲ့ဒီရင်ကို ဦးနှောက်ကမထိန်းချုပ်ရက်ပြန်ဘူး.. ဆက်ချစ်ခွင့်မပေးတော့ပေမယ့် လွမ်းရတဲ့အဖြစ်တွေက အခန်းကျဉ်းထဲမှာ ဇာတ်ကွက်စုံနေပြီလေ.. အတိတ်ကပျော်ရွှင်ခြင်းကိုသယ်ဆောင် ပစ္စုပန်လုပ်ဇာတ်တွေကြောင့် "စည်း"ဆိုတဲ့လူပျက် အငိုရခက်နေပြီတဲ့လေ.. တွေဝေမှုနဲ့ခရီးဆက်ပေမယ့် မာနတွေအသောနှင်နေခဲ့တော့ ဒီရင်ခွင်အိုပြန်ခိုဝင်ဖို့ဆိုတာ ဒီဘ၀တော့ဝေးကြပြီပေါ့.. အချစ်ဦးရယ်……..။
ငယ်လေး |
No comments:
Post a Comment