********ချစ်သူပုံပြင်*********
သနပ်ခါးနံတွေ သင်းပြန့်တဲ့ မင်းရဲ့ပါးပြင်မှာ
စီးကရက်မီးခိုးငွေ.တွေနဲ့။
ကြင်နာတတ်တဲ့မင်းရဲ့ စိတ်ဓာတ်တွေက ခုတော့
နတ်ဆိုးတစ်ကောင်လိုဘဲ။
သာယာတဲ့မင်းရဲ့အသံတွေက ခုတော့
ညငှက်ဆိုးလိုပါဘဲ။
ယုယတတတ်တဲ့မင်းရဲ့လက်တွေက
ဓါးတစ်လက်ကို သွေးစွန်းဖို့ဝန်မလေးတော့ဘူး။
အတိတ်ရဲ့ပုံရိတ်တွေက
ငါ့ရဲ့အိမ်မက်ထဲမှာကြည်နှုးနေဆဲဘဲ ချစ်သူ ။
အချစ်များစွာနဲ့တည်ဆောက်ထားတဲ့ မင်းရဲ့ဘ၀ အိမ်မက်ခါးခါးတွေကို
ကျော်ဖြတ်နိုင်ပါစေ ချစ်သူ။
ပန်းခင်းလမ်းမဟုတ်တောင်မှ ခယောင်းလမ်းမှာတော့
မလျှောက်စေချင်ဘူး ချစ်သူ။
သိုးမဲတစ်ကောင်လို
အမှောင်ထဲမှာဘဲနေချင်လား ချစ်သူ။ အာရုံဏ်တက်မှ အိပ်တန်းရှာတဲ့ ညည်းငှက်တစ်ကောင်းရဲ့ဘ၀ကို
မြတ်နိုးနေလား ချစ်သူ ။
အဖြူရောင်လက်တစ်စုံက မင်းကိုကြိုဆိုနေတယ်ဆိုတာ
မင်းသိစေချင်လိုက်တာ ချစ်သူ။
By.linlin lin |
No comments:
Post a Comment