ရေဆိုရေ..စမ်းရေလိုရေ..
ရေဆို ရေပဲ ဖြစ်ချင်တယ်
ရေခဲမဖြစ်ချင်ဘူး
ချုပ်တည်းထားသလို ခံစားရတယ်။
ရေငွေ့မဖြစ်ချင်ဘူး
ပေါ့ပေါ့နေ ပေါ့ပေါ့စား
အချောင်သမားလို ခံစားရတယ်။
ရေနွေးလည်း မဖြစ်ချင်ဘူး
ပူလောင်မှုကို ဦးစားပေးသလို ခံစားရတယ်။
ရေသန့်ဗူးထဲက ရေမျိုးလည်း မဖြစ်ချင်ဘူး
ဟန်ဆောင်မှုတွေ များသလို ခံစားရတယ်။
ရေဆိုရေ …
စမ်းရေလို ရေပဲ
လွတ်လပ်ပြီး အေးမြတယ်။
(လင်းအောင်) |
No comments:
Post a Comment