Saturday, 2 July 2011
[စာပေစကားဝိုင်း] New doc: ဆရာစံရဲ့ လင်္ကာ
Thaw Zin created the doc: "ဆရာစံရဲ့ လင်္ကာ"
မည်သူ မည်ဝါ ၊ ဤကမ္ဘာတွင် 
ခန္ဓာခိုင်စွဲ၊ မမြဲ မှတ်ရာ
လူ့ တံထွာတည်း။
 မီးတစ်ဆယ့်တစ်၊ ငြိမ်းရာ ဖြစ်သော
စင်စစ်ဧကန်၊ ပြည်နိဗ္ဗာန်သို့ 
အမြန်ထုတ်ခြောက် ၊မရောက်ရသေး 
လူတဝေးတို့ ၊သေဘေးတွေ့ ရ
ဖြစ်ကအမြန်၊ ပျက်မြဲ ပြန်တည်း။
 ကြောက်သွေးဟူ၍ ၊နှမ်းတစ်စေ့မှ
မဝှေ့ စိတ်ထဲ၊ ရိပ်မစဲသည့်
အမြဲမတည် ၊လူသည်ဟူကား
မရှည်အသက်၊ ကြာနေ ပျက်ကို
ပြက်ပြက်ထင်ထင်၊ ငါအမြင်တည်း။
 ထက်အောက်မြန်မာ၊ လူတကာတို့ 
ဆရာခေါ်ဆို၊ ငါ့ဂုဏ်ကိုလျှင်
ကြူးပိုသည်ရုံး၊ ဘယ်သို့ ထုံးလည်း
အဆုံး ဆိုရေး၊ ကြိုးဒဏ်ဘေးနှင့် 
ဝေးရမည်တည်း။
ဂဠုန်ဆရာစံ (၁၈၇၆ - ၁၉၃၁)
View Post on Facebook · Edit email settings · Reply to this email to add a comment.
No comments:
Post a Comment