စိုင်းထီးဆိုင်အမှတ်တရ
စိုင်းထီးဆိုင်အတွက် ကျနော်ချုပ်ပေးဖြစ်တဲ့ အင်္ကျီတထည် (၀ါ) ဘ၀ရဲ့ လွမ်းတေးတစ်ပုဒ်
(အပြာရောင်မျက်ရည်စ)တွေ စိုထိုင်းအုံ့ဖွဲ့လို့
(ချယ်ရီပင်အောက် နောက်တစ်ခေါက်)ပြန်ရောက်တဲ့အခါ ကိုယ့်အပေါ် မိုးတွေအဖြစ်နဲ့ ရွာကျလာဦးမလား (မောင့်လပြည့်ဝန်း)ရေ… ဘ၀မှာ (လိုချင်တာမိဖုရား ညားတော့ဘုရင်မ)တွေပါပဲ (ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းတိုင်းဖြစ်စေမယ)် ဆိုပေမယ့် (နွေရာသီ)တွေမှာ ပူလွန်းနေခဲ့တာ (ကိုယ်တစ်ယောက်တည်းကြောင့်တော့ မဟုတ်ဘူး) (အချစ်ဆိုတဲ့ အရသာ)ဟာ ကိုယ့်အဖို့တော့ (ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံ)ပါပဲ (ဖြေရာမဲ့လမ်း)တလျှောက် သတိရစိတ်က( နှင်း)တွေလို စွတ်စိုကိုင်းညွှတ်နေခဲ့ပေါ့ သီချင်းတစ်ပုဒ် ညည်းမိတိုင်း (နေရာတိုင်းမှာ) မင်းရှိနေမလားဆိုတဲ့ အသိနဲ့ ကိုယ့်ရဲ့ (စိတ္တဇအလွမ်း)တွေ နှုတ်မဆက်လိုက်ရတဲ့ (နှုတ်ဆက်ခြင်း)မှာ (ရန်ကုန်မှာသာတဲ့လ)လို (တစ်ယောက်သောသူအနမ်း)က ကိုယ့်ကို စွန့်ခွာသွားခဲ့ပါပြီ (အချစ်ထောင်)မှာ ကျွံကျသူချင်းတူတူ ဘယ်သူမှားတယ် မှန်တယ်လို့ အပြစ်မဖွဲ့ရက်ပါဘူး ကိုယ့်ရဲ့ (ဆက်ရက်မ)ငယ် (လမ်းခွဲမှာ ကျန်ကာနေရစ်တော့) (အားလုံးကို ပျော်စေချင်သူ)ဟာ ကိုယ်ပါ (မွေးရပ်ပြန် စိတ်ကူး)ထဲ (ပြန်ညှိရမယ့်ကာရန်)ဟာ( ရင်ထဲက သဇင်) ဒါမှမဟုတ် (ချယ်ရီကိုသာပန်ပါကွယ)်ပေါ့ တိတ်ဆိတ်သွားတဲ့( ချစ်သူလမ်းကြား)မှာ ဟိုအရင်လို( ရေကြည်ထဲက လရိပ်လေး) ကို သူငယ်ချင်းတွေနဲ့ လာဆိုဖြစ်ဦးမလား မပြောတတ်ဘူး (တွဲကတဲ့ညလေး တစ်ည)ကို အမှတ်ရတယ် တကယ်တော့ (ရခွင့်)မရှိတော့တဲ့ (ကိုယ့် အချစ်က မင်းအနားမှာ)ပါ လူအုပ်ကြားထဲ တိုးဝှေ့ဝယ်ခဲ့ရပြီးမှ ကြည့်ခွင့်မရလိုက်တဲ့ ရုပ်ရှင်လက်မှတ်တစ်ဆောင်လို (မောင့်တပတ်နွမ်း)ဟာ အသစ်စက်စက် အရင်တိုင်း ခုတလော ဆွံ့အသွားတဲ့ ပြတင်းတံခါးမှာ (နွေဆိုး)တွေ လာလာနားတယ် အခါတစ်သောင်းမှာ တခါလေးတော့ပြည့်တတ်ပါရဲ့ ဆိုတဲ့စိတ်နဲ့ ဘ၀ဆက်တိုင်းပေါင်းရဖို့တော့ (ဆုတောင်းခဲ့ဖူးတယ် မိငယ်) ဒါပေမယ့်ကွယ်… ကိုယ်(မျှော်လင့်တဲ့ည)တိုင်း အလွမ်းတွေသာ (သံလွင်ချောင်းခြား)ခဲ့ပေါ့ (ငယ်ချစ်)ရေ.. ငယ်ချစ်ရေ… ငယ်ချစ်ရေ…… (ငယ်ချစ်ဦး)ရေ… (မောင့်အရိုင်းပန်း )ငယ်ရေ… ကိုယ့်အခန်းထဲ (မရေးဖြစ်သော သီချင်းများ)နဲ့ ပွလို့ ဖင်စီခံထိလောင်ကျွမ်းထားသော ဆေးလိပ်တိုများနဲ့ ရှုပ်လို့ ရွှေရောင်ဖောင်းကြွ (အချစ်ဖိတ်စာ )တစ်ဆောင်က လေထဲမှာလွင့်လို့ အပေးအယူမမျှတခဲ့တဲ့ (အချစ်)မှာ (မင်းခယောက်ျား)တစ်ယောက်ဟာ ကိုယ်ပါ (အချစ်ကို ဦးစားပေးခဲ့သ)ူလေးရေ (နှလုံးလမ်းကြောင်း )တလျှောက်မှာ (စဉ်းစားပါဦး)လို့ ပြောမထွက်ခင် (သံယောဇဉ်ကုန်တဲ့ စကားတော့ မဆိုပါနဲ့ )လို့ မဆိုရက်ခင် (အဆုံးအဖြတ်)တွေ ခိုင်မာသွားခဲ့တော့… (ခွင့်မတောင်းပေမယ့် ရပါတယ် )ရပါတယ်… နှလုံးသားရဲ့ထောင့်တစ်နေရာက( ကြိုးမဲ့နှောင်အိမ်)လေးထဲ (တစ်ယောက်ရှိတယ်) တစ်ယောက်တည်း ရှိခဲ့တယ် တစ်ယောက်တည်း ရှိခဲ့ဖူးတယ်… (အစားထိုးမရတဲ့ ဆုံးရှုံးမှု)တခုပါပဲ (အချစ်ဆိုတာ လျှို့ဝှက်ချက်တခုပါ)ဆိုတဲ့ ဓားချက်မှာ (ဗိဿနိုးရဲ့သူရဲကောင်းတစ်ယောက)်ဟာ ကျရှုံးခဲ့ရပြီ ဘ၀ရဲ့ (လွမ်းတေး)တစ်ပုဒ်ပေါ့ တခါတုန်းက... (ပလက်ဖောင်းမင်းသား )တစ်ယောက်ရှိခဲ့ဖူးတယ် သူ့စိတ်က မာကျောကျွတ်ဆတ်တယ် တစုံတရာတွေနဲ့ အဆင်မပြေဖြစ်တိုင်း (နံရံကိုလက်သီးနဲ့ထိုးမိတယ်) အဲ့လို (ငွေတောင်တန်းသို့ သီချင်းတစ်ပုဒ် )ရေးမိတိုင်း စိတ်တွေဟာ (မေမြို့မိုး)လို အစိုးမရတော့ဘူး နမ့်ခမ်းရေ ဒါတွေဟာ မင်းအတွက်သီချင်းတစ်ပုဒ် ဒါမှမဟုတ် ကဗျာတစ်ပုဒ်ဆိုလည်း ဟုတ်ရဲ့ နမ့်တိုင်းမွန်းနဘေးမှာ မင်းရဲ့သမီးလေးတစ်ယောက် စိတ်ကောက်ပြီးငိုနေဦးမလား ခုချိန်တွေထိ (ရှမ်းတောင်တန်းကိုမခွာရက်သူ)ဟာ ကိုယ်ပေါ့ အသေချာပဲ (အပြာရောင်မျက်ရည)်စတွေ စိုထိုင်းအုံ့ဖွဲ့လို့ (ချယ်ရီပင်အောက် နောက်တစ်ခေါက်)ပြန်ရောက်တဲ့အခါ ကိုယ့်အပေါ် မိုးတွေအဖြစ်နဲ့ ရွာကျလာဦးမလား မောင့်လပြည့်ဝန်းရေ… နွဲ့တင်ရေ… နမ့်ခမ်းရေ… ငယ်ချစ်ရေ… ငယ်ချစ်ဦးရေ… မောင့်တပတ်နွမ်းရေ…။ ။
ရေးသားသူ...(မောင်ခင်လေး)
*ငယ်ကတည်းက ကြိုက်နှစ်သက်ခဲ့သော စိုင်းထီးဆိုင်၏ သီချင်းခေါင်းစဉ်များဖြင့်
လွမ်းတေးတစ်ပုဒ်သီဖြစ်တာပါ သူမရှိတော့ပေမယ့် သူ့သီိချင်းတွေဟာ ကျနော့်နှလုံးအိမ်မှာ ခုထိ လောင်ကျွမ်းနေတဲ့ ငြိမ်းအေးတဲ့ အပြာရောင်မီးတောက်လေးတစ်ခုပါပဲ သယ်ဆောင်လို့ရမယ်ဆို နောင်ဘ၀ထိ သယ်သွားပါ့မယ်…* |
No comments:
Post a Comment