ရုပ်သေးရုပ်
-နင်မပါဘဲ ဒီ"ကကြိုး"ကို ဆက်ကဖို့ ငါ့အတွက် ပင်ပန်းလွန်းတယ်………ချစ်သူ။…..။
-နင်လှပစွာ ရေးခဲ့တဲ့ ဒီ"အလွမ်းဇာတ်"မှာ ငါက "မင်းသား"တဲ့လားကွာ။…..။
-အရောင်ပြောင်းခဲ့တဲ့ "မျက်လုံး"တွေကို ဖတ်တတ်ဖို့အတွက် ဒါဟာ ငါ့အတွက် "သင်ခန်းစာ"တစ်ခုလား။…..။
-ငါမတောင်းဆိုပါဘဲနဲ့ ဒီ"အလွမ်း"တွေကိုတော့ နင်ရက်ရောခဲ့သားပဲနော်။…..။
-သွားပြီ……….ချစ်သူ နင်ပေးခဲ့တဲ့ "ဒီအလွမ်း"နဲ့ပဲ ဒီ"ဇာတ်ခုံ"ကို ကျောခိုင်းခဲ့ပြီ။……. "လှောင်ရယ်သံ"တွေနဲ့တော့ နှုတ်မဆက်လိုက်ပါနဲ့ကွာ တောင်းပန်ခဲ့ပါတယ်။…..။
Reinminn |
No comments:
Post a Comment