Wednesday, 13 July 2011

မြားနတ်မောင်ရဲ့ အဆိပ်လူးမြား

မြားနတ်မောင်ရဲ့ အဆိပ်လူးမြား   ခပ်ကြမ်းကြမ်းတောင်ပံခတ်သံကြောင့်  ကျွန်တော်လန့်နိုးခဲ့ရတယ်………..  လက်ထဲမှာလေးနဲ့မြားကိုင်ထားတဲ့  ပြောင်ချော်ချော်ငနဲတစ်ကောင်…..  သူ့ကိုယ်သူမြားနတ်မောင်လို့ မိတ်ဆက်တယ်……  ဘာလုပ်ရမှာလဲ…..  မင်းဘာလာလုပ်လဲ……  မိုးရွာနေလို့တဲ့…  ကျွန်တော့်ရင်ထဲကမုန်တိုင်းကြောင့်ဆိုပဲ  သူ့ကိုမိုးမိစေတဲ့တရားခံက  ကျွန်တော်လို့စွပ်စွဲတယ်……….  ဒီမုန်တိုင်းကငါဖန်တီးတာမှမဟုတ်တာ…  မင်းကမိုးမိရုံပဲ…. ငါ့ရင်ထဲမှာကမ္ဘာပျက်နေတာမင်းသိလို့လား  သွားစမ်းပါကွာ…..  ကျွန်တော့်ကိုလက်စားချေမတဲ့……..  သူ့လက်ထဲက လက်နက်နဲ့ချိန်ပြီး  နှလုံးသားတည့်တည့်ကိုပစ်လိုက်တယ်……..  မလုပ်နဲ့………………  မြားနတ်မောင်ရက်စက်တယ်  မင်းပစ်တဲ့မြားမှာအဆိပ်လူးထားတော့  လွမ်းဆိပ်တက်ရင်း  ငါတဖြည်းဖြည်း…..  တဖြည်းဖြည်း……  တဖြည်းဖြည်း…..   လွမ်းနောင်
Ka Yin Lay 13 July 22:22
မြားနတ်မောင်ရဲ့ အဆိပ်လူးမြား

ခပ်ကြမ်းကြမ်းတောင်ပံခတ်သံကြောင့်
ကျွန်တော်လန့်နိုးခဲ့ရတယ်………..
လက်ထဲမှာလေးနဲ့မြားကိုင်ထားတဲ့
ပြောင်ချော်ချော်ငနဲတစ်ကောင်…..
သူ့ကိုယ်သူမြားနတ်မောင်လို့ မိတ်ဆက်တယ်……
ဘာလုပ်ရမှာလဲ…..
မင်းဘာလာလုပ်လဲ……
မိုးရွာနေလို့တဲ့…
ကျွန်တော့်ရင်ထဲကမုန်တိုင်းကြောင့်ဆိုပဲ
သူ့ကိုမိုးမိစေတဲ့တရားခံက
ကျွန်တော်လို့စွပ်စွဲတယ်……….
ဒီမုန်တိုင်းကငါဖန်တီးတာမှမဟုတ်တာ…
မင်းကမိုးမိရုံပဲ….
ငါ့ရင်ထဲမှာကမ္ဘာပျက်နေတာမင်းသိလို့လား
သွားစမ်းပါကွာ…..
ကျွန်တော့်ကိုလက်စားချေမတဲ့……..
သူ့လက်ထဲက လက်နက်နဲ့ချိန်ပြီး
နှလုံးသားတည့်တည့်ကိုပစ်လိုက်တယ်……..
မလုပ်နဲ့………………
မြားနတ်မောင်ရက်စက်တယ်
မင်းပစ်တဲ့မြားမှာအဆိပ်လူးထားတော့
လွမ်းဆိပ်တက်ရင်း
ငါတဖြည်းဖြည်း…..
တဖြည်းဖြည်း……
တဖြည်းဖြည်း…..

လွမ်းနောင်


No comments:

Post a Comment