Saturday, 16 July 2011

သေမင်း..ရယ်မောခြင်း

သေမင်း..ရယ်မောခြင်း   သူနိုင်ငါနိုင်၊ အပြိုင်တိုက်ခွင်း၊ အောင်မြေနင်းစဉ်၊  သေမင်း ဘေးကရယ်သတည်း။   သူပိုင်ငါပိုင်၊ အနိုင်ခုသွင်း၊ လုယက်ငြင်းစဉ်၊  သေမင်း ဘေးကရယ်သတည်း။   သူ့ဟာငါ့ဟာ၊ တဏှာမကင်း၊ ရမ္မက်ပြင်းစဉ်၊  သေမင်း ဘေးကရယ်သတည်း။   သူချောငါလှ၊ တသသနှင့်၊ ရူပရုပ်ဆင်း၊ ပြုပြင်ခြင်းကို၊  သေမင်း ဘေးကရယ်သတည်း။   လွှမ်းခြုံအာဏာ၊ ရာဇာသေဌ်နင်း၊ တန်ခိုးပြင်းစဉ်၊  သေမင်း ဘေးကရယ်သတည်း။   ရွှေငွေမြဖန်၊ ပိုလျှံဖြည့်တင်း၊ ဌေးကြွယ်ခြင်းကို၊  သေမင်း ဘေးကရယ်သတည်း။   ဆယ်စီးဆင်ပြောင်၊ အားအန်ဆောင်၍၊ မာန်ထောင်ကြီးလှ၊  ကိုဗာလအား၊ ဘေးကသေမင်း၊ ရယ်သတည်း။   ခြွေရံပေါများ၊ ငါတကားဟု၊ ထောင်လွှားတက်ကြွ၊  ကိုယသအား၊ ဘေးကသေမင်း၊ ရယ်သတည်း။   လက်နက်ပိုင်ရှင်၊ ငါသခင်ဟု၊ ငါ့ပြင်မရှိ၊ကြီးဘိမာန၊  ကိုအတ္တအား၊ ဘေးကသေမင်း၊ ရယ်သတည်း။   ရေးသူမသိပါ...
Ka Yin Lay 16 July 23:14
သေမင်း..ရယ်မောခြင်း

သူနိုင်ငါနိုင်၊ အပြိုင်တိုက်ခွင်း၊ အောင်မြေနင်းစဉ်၊
သေမင်း ဘေးကရယ်သတည်း။

သူပိုင်ငါပိုင်၊ အနိုင်ခုသွင်း၊ လုယက်ငြင်းစဉ်၊
သေမင်း ဘေးကရယ်သတည်း။

သူ့ဟာငါ့ဟာ၊ တဏှာမကင်း၊ ရမ္မက်ပြင်းစဉ်၊
သေမင်း ဘေးကရယ်သတည်း။

သူချောငါလှ၊ တသသနှင့်၊ ရူပရုပ်ဆင်း၊ ပြုပြင်ခြင်းကို၊
သေမင်း ဘေးကရယ်သတည်း။

လွှမ်းခြုံအာဏာ၊ ရာဇာသေဌ်နင်း၊ တန်ခိုးပြင်းစဉ်၊
သေမင်း ဘေးကရယ်သတည်း။

ရွှေငွေမြဖန်၊ ပိုလျှံဖြည့်တင်း၊ ဌေးကြွယ်ခြင်းကို၊
သေမင်း ဘေးကရယ်သတည်း။

ဆယ်စီးဆင်ပြောင်၊ အားအန်ဆောင်၍၊ မာန်ထောင်ကြီးလှ၊
ကိုဗာလအား၊ ဘေးကသေမင်း၊ ရယ်သတည်း။

ခြွေရံပေါများ၊ ငါတကားဟု၊ ထောင်လွှားတက်ကြွ၊
ကိုယသအား၊ ဘေးကသေမင်း၊ ရယ်သတည်း။

လက်နက်ပိုင်ရှင်၊ ငါသခင်ဟု၊ ငါ့ပြင်မရှိ၊ကြီးဘိမာန၊
ကိုအတ္တအား၊ ဘေးကသေမင်း၊ ရယ်သတည်း။

ရေးသူမသိပါ...


No comments:

Post a Comment